ထိုသို့ ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည် ပြု၍၊ ထာဝရဘုရား၏စကားတော်ပါသောစာကို ဗိမာန်တော်၌ ဖတ်လေ၏။
နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။
သို့ဖြစ်၍ သင်သည် ခါးပန်းကိုစည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။
ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
ထိုအခါယေရမိသည် နေရိသားဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရား မိန့်တော်မူသမျှသောစကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။
သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အား ဖတ်လော့။ အမြို့မြို့အရွာရွာကလာသော ယုဒလူတို့အားလည်း ဖတ်လော့။
ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-
တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည် စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောသူ ဖြစ်၏။-