ထိုအခါယေရမိသည် နေရိသားဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရား မိန့်တော်မူသမျှသောစကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။
သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊
တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။
ငါခြိမ်းသော စကားများတည်းဟူသော ယေရမိသည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တစ်ဖက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲတိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။
ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သော ယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဖတ်သောစာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသား ဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍ လာ၏။
ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိကို စေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဖတ်လေ၏။
ယေဟုဒိသည် သုံးလေးခန်းလောက် ဖတ်မိလျှင်၊ ရှင်ဘုရင်သည် စာရေး၏ဓားနှင့်လှီး၍ မီးမယ်ဖျူးပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန်အစင် ကျွမ်းလောင်လေ၏။
တစ်ဖန် ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဖမ်းဆီးစေခြင်းငှာ၊ သားတော် ယေရမေလ၊ အာဇရေလသား စရာယ၊ အာဗဒေလသား ရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
ယေရမိနှုတ်မြွက်သည်အတိုင်း ဗာရုတ်ရေးထားသော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊
သင်သည် အခြားသောစာလိပ်ကိုယူ၍၊ ယုဒရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှသော စကားရင်းအတိုင်း ရေးထားလော့။
ထိုအခါ ယေရမိသည် အခြားသောစာလိပ်ကိုယူ၍၊ နေရိသား စာရေးဗာရုတ်အား ပေးသဖြင့်၊ ယုဒရှင်ဘုရင်ယောယကိမ် မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွက်၍၊ ဗာရုတ်သည် ရေးထား၏။ အလားတူသော စကားအများကိုလည်း ထပ်၍သွင်းရ၏။
သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အား ဖတ်လော့။ အမြို့မြို့အရွာရွာကလာသော ယုဒလူတို့အားလည်း ဖတ်လော့။
ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှာ၊ နေရိသားဗာရုတ်သည် သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတ္တံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသော ဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည်ရေးကူး၍၊
ယုဒရှင်ဘုရင်ဇေဒကိ နန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သော နေရိ၏သား အတွင်းဝန်စရာယကို မှာထားသောစကားဟူမူကား၊
ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။
ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပထမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသောအချက်ကား၊
တစ်ဖန်ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်၏။
ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။-