ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကားတော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယသည် ကြားလျှင်၊
ယောရှိမင်းကြီး နန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကိုခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့ သွားလော့။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသောလူတို့ကို အုပ်ရသောမင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ခန့်ထားတော်မူ၏။
ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာသာယကို ခေါ်၍၊
သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကိုမစသောကြောင့်၊ အသေခံစေခြင်းငှာ လူများတို့လက်သို့ မအပ်ရ။
ထိုအခါ ဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နားမှာ၊ အထက်တံတိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သောစာကို လူအပေါင်းတို့ရှေ့မှာ ဖတ်လေ၏။
ထိုအခါဗာရုတ်သည် လူများတို့အား ဖတ်သောစာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။