ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
ယုဒရှင်ဘုရင် ယောရှိမင်းကြီးသားယောယကိမ် နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပထမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည်မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
ယုဒရှင်ဘုရင် အာမုန်သား ယောရှိ နန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲနေကြ၏။
ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်းလက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
ယုဒရှင်ဘုရင် ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်းတို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆိုသည်အတိုင်း၊ စကားတော်များကို စာ၌ ရေးထားသောနောက်၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ်ကပတ်တော်ဟူမူကား၊
ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရောနေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
ယုဒရှင်ဘုရင်ယောယကိမ် နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။