Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 32:9

Judson Bible

အာ​န​သုတ်​မြို့၌​ရှိ​သော ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ၏​လယ်​ကို ငါ​ဝယ်၍ လယ်​ဖိုး​ငွေ တစ်​ဆယ်​ခု​နစ်​ကျပ် ကို ချိန်​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကု​လား​အုတ်​များ​ကို ရေ​သောက်​စေ​ပြီး​သော​နောက်၊ ယောက်ျား​သည်၊ အ​ချိန်​ငါး​မူး​ရှိ​သော ရွှေ​နှာ​ဆွဲ၊ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​လက်​ကောက်​တစ်​ရံ​ကို​ထုတ်၍၊

ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။

ရှင်​ဘု​ရင်​သည် လျှောက်​သွား​သော​အ​ခါ ထို​သူ​က၊ ကိုယ်​တော်​ကျွန်​သည် စစ်​တိုက်​သွား​ပါ၏။ လူ​တစ်​ယောက်​သည် စစ်​ပွဲ​ထဲ​က​ထွက်​လာ၍ ကျွန်​တော်၌ လူ​တစ်​ယောက်​ကို​အပ်​သ​ဖြင့် ဤ​လူ​ကို​စောင့်​လော့။ တစ်​စုံ​တစ်​ခု​အား​ဖြင့် ပျောက်​လျှင် သူ့​အ​သက်​အ​တွက် သင့်​အ​သက်​သေ​ရ​မည်။ သို့​မ​ဟုတ် ငွေ​အ​ခွက်​တစ်​ဆယ်​လျော်​ရ​မည်​ဟု မှာ​ထား​သော်​လည်း၊

အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။

ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။

ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​ခွေ့​လျှင်​မူ​ကား၊ နွား​ရှင်​သည် ကျွန်​ရှင်​အား ငွေ​အ​ကျပ်​သုံး​ဆယ်​ကို​လျော်​ရ​မည်။ နွား​ကို​လည်း ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။

အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။

ထို​မုန့်​ကို တစ်​နေ့​တစ်​နေ့​လျှင် အ​ကျပ်​နှစ်​ဆယ်​စီ ချိန်၍​စား​ရ​မည်။

ထို​မိန်း​မ​ကို ငွေ​တစ်​ဆယ်​ငါး​ကျပ်၊ မု​ယော​ဆန်​တစ်​ဟော​မဲ​ခွဲ​နှင့် ငါ​ရွေး​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ