Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 32:8

Judson Bible

ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ​သည် ငါ​ရှိ​ရာ ထောင်​ဝင်း​ထဲ​သို့​လာ၍၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ အာ​န​သုတ်​မြို့၌​ရှိ​သော ကျွန်ုပ်​လယ်​ကို ဝယ်​ပါ​လော့။ သင်​သည် အ​မွေ​ခံ​ပိုင်​သော​အ​ခွင့်​နှင့် ရွေး​ပိုင်​သော​အ​ခွင့်​ရှိ​သည်​ဖြစ်၍၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​ဟု ငါ့​အား​ပြော​ဆို၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော အ​မှု​ဖြစ်​ကြောင်း​ကို ငါ​သိ​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း ရှင်​ဘု​ရင်​ခေါ်၍၊ သင်​သည် အာ​န​သုတ်​မြို့၊ သင်​ပိုင်​သော​မြေ​သို့ သွား​လော့။ သင်​သည် အ​သေ​ခံ​ထိုက်​သော်​လည်း ယ​ခု​ငါ​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​ရှေ့​မှာ ထမ်း​လေ​ပြီ။ ငါ့​ခ​မည်း​တော်​ဆင်း​ရဲ​ခံ​လေ​ရာ​ရာ၌ သင်​သည် ဆင်း​ရဲ​ခံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။

ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊ အာ​လ​မက်​မြို့​နှင့် မြို့​နယ်၊ အာ​န​သုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်၏​သား​မြေး​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ၍၊ မြို့​ပေါင်း​ကား တစ်​ဆယ်​သုံး​မြို့​တည်း။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား​ယော​ရှိ​မင်း နန်း​စံ​ဆယ်​သုံး​နှစ်​တွင်​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ် လက်​ထက်၌​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ဇေ​ဒ​ကိ​မင်း နန်း​စံ​ဆယ်​တစ်​နှစ်​စေ့၍ ပ​ဥ္စ​မ​လ​တွင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို သိမ်း​သွား​ချုပ်​ထား​သည် တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ဗင်္ယာ​မိန်​ပြည်၊ အာ​န​သုတ်​မြို့​နေ ဟိ​လ​ခိ​သား ယဇ်​ပု​ရော​ဟိတ်​ယေ​ရ​မိ​စ​ကား​မှာ၊

ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။

ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။

သင်၏​ဘ​ထွေး ရှ​လ္လုံ​သား ဟာ​န​မေ​လ​သည် သင့်​ထံ​သို့​လာ၍၊ အာ​န​သုတ်​မြို့​မှာ​ရှိ​သော ကျွန်ုပ်​လယ်​ကို သင်​သည် ရွေး​ပိုင်​သော​ကြောင့်၊ ဝယ်​ပါ​ဟု ပြော​ဆို​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ရောက်​လာ၍၊

ယေ​ရ​မိ​သည် မိ​မိ​အ​မျိုး၌ မိ​မိ​အ​မွေ​ဥ​စ္စာ​ကို​ခံ​အံ့​သော​ငှာ၊ ဗင်္ယာ​မိန်​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ၍ ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​သွား​လေ၏။

ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ၏ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ ငါ၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌​ထုတ်၍၊ ည​အ​ချိန်​၌ အုတ်​ရိုး​ကို ကိုယ်​လက်​နှင့် တူး​ဖောက်​ပြီး​မှ၊ ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း​သွား၏။

ထို​ပ​ဋိ​ညာဉ်​သည် ထို​နေ့၌​ပျက်​သော​ကြောင့်၊ ငါ့​ကို​အ​မှီ​ပြု​သော သိုး​ဆင်း​ရဲ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​လည်​ကြ၏။

ထို​အ​ချိန်​ကား၊ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု ယေ​ရှု​မိန့်​တော်​မူ​သော အ​ချိန်​ဖြစ်​သည်​ကို အ​ဘ​သိ၍၊ ကိုယ်​တိုင်​မှ​စ​သော မိ​မိ၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ