Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 32:4

Judson Bible

ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ခါ​လ​ဒဲ​လူ​တို့​လက်​နှင့် မ​လွတ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ဆက်​ဆက်​ရောက်​လိမ့်​မည်။ မျက်​နှာ​ချင်း​ဆိုင်၍ စ​ကား​ပြော​လျက်၊ တစ်​ယောက်​ကို တစ်​ယောက်​ကြည့်​ရှု​လျက် တွေ့​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

သိုး​ထိန်း​တို့​သည် ပြေး​စ​ရာ​လမ်း​မ​ရှိ။ သိုး​ကြီး​သိုး​မြတ်​တို့​သည် လွတ်​ရာ​လမ်း​ကို ရှာ၍ မ​တွေ့​ရ​ကြ။

ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မှ​စ၍ မှူး​တော်​မတ်​တော်​တို့​ကို သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​လူ​များ လက်​သို့​လည်း​ကောင်း၊ ယ​ခု​လွှဲ​သွား​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​များ​လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။

သင်​သည် ထို​မင်း​လက်​နှင့် မ​လွတ်​ရ။ စင်​စစ် သင့်​ကို​ဖမ်း​ဆီး၍ ထို​မင်း​လက်​သို့ အပ်​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ တစ်​ယောက်​နှင့်​တစ်​ယောက် စ​ကား​ပြော​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​သို့​လည်း သွား​ရ​လိမ့်​မည်။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

သို့​မ​ဟုတ်၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​တို့​ထံ​သို့ မ​ထွက်​မ​သွား​လျှင်၊ ဤ​မြို့​ကို ခါ​လ​ဒဲ​လူ​တို့​လက်​သို့​အပ်၍၊ သူ​တို့​သည် မီး​ရှို့​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​လည်း၊ သူ​တို့​လက်​နှင့် မ​လွတ်​ရ​ဟု ဇေ​ဒ​ကိ​ကို​လျှောက်​ဆို၏။

ထို​သို့​ကိုယ်​တော်၏​မ​ယား​နှင့် သား​သ​မီး​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​လူ​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​လည်း သူ​တို့​လက်​နှင့်​မ​လွတ်​ဘဲ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့​ရောက်၍၊ ဤ​မြို့​ကို မီး​ရှို့​စေ​တော်​မူ​မည်​ဟု လျှောက်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ