ယေရမိ 32:28Judson Bibleသို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့လက်သို့လည်းကောင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့လည်းကောင်းငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဤမြို့၏ အစွမ်းသတ္တိရှိသမျှကိုလည်းကောင်း၊ လုပ်ဆောင်၍ ရသမျှသောဥစ္စာကိုလည်းကောင်း၊ ဆည်းပူးသမျှသော ရတနာကိုလည်းကောင်း၊ ယုဒရှင်ဘုရင်၏ဘဏ္ဍာတော်အလုံးစုံတို့ကိုလည်းကောင်း၊ ရန်သူလက်သို့ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှာ ရောက်ကြပါပြီ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။