Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 32:25

Judson Bible

ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် သ​မု​ဒ္ဒ​ရာ၌ ကြွ​တော်​မူ၍၊ လမ်း​ခ​ရီး​တော်​သည် ကျယ်​ဝန်း​သော ရေ​တွင်​ရှိ​သ​ဖြင့်၊ ခြေ​တော်​ရာ​တို့​သည် မ​ထင်​ရှား​ကြ​ပါ။

မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။

သူ​တို့​နှင့် သူ​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌​အိမ်၊ လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို ပိုင်​ရ​ကြ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​သ​ဖြင့်၊ ထို​သူ​တို့​ရှေ့​မှာ ဗာ​ရုတ်​ကို​မှာ​ထား​လေ၏။

ပြ​အိုး​မြေ​ရိုး​တို့​ကို ကြည့်​ရှု​တော်​မူ​ပါ။ မြို့​တော်​ကို တိုက်​ယူ​ခြင်း​ငှာ ရောက်​ကြ​ပါ​ပြီ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် တိုက်​သော ခါ​လ​ဒဲ​လူ​တို့​လက်​သို့ မြို့​တော်​ကို အပ်​တော်​မူ​ပြီ။ မိန့်​တော်​မူ​သော စ​ကား​ပြည့်​စုံ​ကြောင်း​ကို​လည်း ကိုယ်​တော်​တိုင် မြင်​တော်​မူ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊

လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။

ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ​သည် ငါ​ရှိ​ရာ ထောင်​ဝင်း​ထဲ​သို့​လာ၍၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ အာ​န​သုတ်​မြို့၌​ရှိ​သော ကျွန်ုပ်​လယ်​ကို ဝယ်​ပါ​လော့။ သင်​သည် အ​မွေ​ခံ​ပိုင်​သော​အ​ခွင့်​နှင့် ရွေး​ပိုင်​သော​အ​ခွင့်​ရှိ​သည်​ဖြစ်၍၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​ဟု ငါ့​အား​ပြော​ဆို၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော အ​မှု​ဖြစ်​ကြောင်း​ကို ငါ​သိ​သော​ကြောင့်၊

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သီး​အ​သီး ညီ​အစ်​ကို​ချင်း၊ အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​မ​စီ​ရင်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ဖို့၊ ဓား​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တို့​အား လွတ်​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​စီ​ရင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက် ခံ​စေ​မည်။

ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ