Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 32:2

Judson Bible

ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​မင်း​နန်း​စံ ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုပ်​တို့​ကို တူး​လုပ်​ပြီး​မှ၊

ဥ​ဇဲ​သား ပါ​လ​လ​သည် မြို့​ရိုး​ကွေ့​ရာ တစ်​ဖက်​တစ်​ချက်​ကို​လည်း​ကောင်း၊ ထောင်​ဝင်း​နား၊ မြင့်​သော​နန်း​ရှေ့​မှာ​ရှိ​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်၏။ သူ့​နောက်​မှ၊ ပါ​ရုပ်​သား ဂေ​ဒါ​ယ​ပြင်၏။

အ​ကျွန်ုပ်၏​အ​သိ​အ​ကျွမ်း​များ​ကို အ​ဝေး​သို့​ရွှေ့​တော်​မူ​ပြီ။ သူ​တို့​အား အ​ကျွန်ုပ်​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် အ​ချုပ်​ခံ​ရ၍၊ ပြင်​သို့ မ​ထွက်​ရ​ပါ။

အ​ကြောင်း​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​သည် ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။

ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ​သည် ငါ​ရှိ​ရာ ထောင်​ဝင်း​ထဲ​သို့​လာ၍၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ အာ​န​သုတ်​မြို့၌​ရှိ​သော ကျွန်ုပ်​လယ်​ကို ဝယ်​ပါ​လော့။ သင်​သည် အ​မွေ​ခံ​ပိုင်​သော​အ​ခွင့်​နှင့် ရွေး​ပိုင်​သော​အ​ခွင့်​ရှိ​သည်​ဖြစ်၍၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​ဟု ငါ့​အား​ပြော​ဆို၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော အ​မှု​ဖြစ်​ကြောင်း​ကို ငါ​သိ​သော​ကြောင့်၊

ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ရောက်​လာ၍၊

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊

ယေ​ရ​မိ​က​လည်း၊ ငါ​သည် အ​ချုပ်​ခံ​လျက် နေ​ရ​သော​ကြောင့်၊ ဗိ​မာန်​တော်​သို့ မ​သွား​နိုင်။

မင်း​များ​တို့​သည် အ​မျက်​ထွက်၍ ယေ​ရ​မိ​ကို ရိုက်​ပြီး​မှ၊ စာ​ရေး​တော်​ယော​န​သန်၏​အိမ်၌ လှောင်​ထား​ကြ၏။ ထို​အိမ်​ကို လှောင်​အိမ်​လုပ်​နှင့် သ​တည်း။

ထို​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး အ​မိန့်​တော်​ရှိ၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း၌​ထား​ကြ၏။ မြို့​တွင် မုန့်​မ​ကုန်​မီ​တိုင်​အောင်၊ မုန့်​သည်​တန်း​မှ မုန့်​တစ်​လုံး​ကို နေ့​တိုင်း​အ​စဉ် ပေး​ရ၏။ ထို​သို့ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​လေ၏။

ထို​အ​ခါ ယေ​ရ​မိ​သည် ထောင်​ထဲ​သို့​မ​ရောက်​သေး။ လူ​များ​တို့​နှင့် ပေါင်း​ဖော်​လျက် နေ​သေး၏။

ထို​သို့​ယေ​ရ​မိ​ကို မြေ​တွင်း​ထဲ​က ကြိုး​နှင့်​ဆွဲ​တင်​ကြ၏။ ထို​နောက် ယေ​ရ​မိ​သည်​ထောင်​ဝင်း​ထဲ​မှာ နေ​လေ၏။

ထို​အ​ခါ ယေ​ရ​မိ​ကို​ယူ၍၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သော သား​တော်​မာ​လ​ခိ၏​မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​ကြ၏။ ထို​မြေ​တွင်း၌ ရေ​မ​ရှိ၊ ရွှံ့​သာ​ရှိ၍၊ ယေ​ရ​မိ​သည် ရွှံ့၌​ကျွံ​လျက်​နေ၏။

ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ