Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 32:1

Judson Bible

နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ နန်း​စံ​ဆယ်​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် မေ​လ​ခိ​သား ပါ​ရှု​ရ​နှင့်၊ ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား​ဇေ​ဖ​နိ​တို့​ကို ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို စစ်​တိုက်​သည်​ဖြစ်၍၊ သူ့​ကို​ငါ​တို့​ထံ​မှ ပြန်​သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​သ​မျှ​အ​တိုင်း၊ ငါ​တို့၌ တစ်​ဖန်​ပြု​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​ပါ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ဇေ​ဒ​ကိ​မင်း နန်း​ထိုင်​စ​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊

တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ လူ​ရှစ်​ရာ​သုံး​ဆယ်​နှစ်​ယောက်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ သိမ်း​သွား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ