Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 31:14

Judson Bible

ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဆူ​ဖြိုး​သော အ​မဲ​သား​နှင့် ဝ​စွာ ကျွေး​မည်။ ငါ၏​လူ​တို့​သည်​လည်း ငါ့​ကျေး​ဇူး​နှင့် ဝ​ပြော​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်၍၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​သည် ကျေး​ဇူး​တော်၌ ဝမ်း​မြောက်​ကြ​ပါ​စေ​သော၊

လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။

အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။

သူ၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်​စေ​သ​ဖြင့်၊ သူ၌​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​သော​သီ​ချင်း​ကို ရွှင်​လန်း​စွာ ဆို​ရ​ကြ​လိမ့်​မည်။

ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဖြောင့်​မတ်​ခြင်း​တန်​ဆာ​ကို​ဆင်၍၊ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။

အိမ်​တော်၏​ကြွယ်​ဝ​ခြင်း​နှင့် ရောင့်​ရဲ​လျက်​နေ၍၊ ကိုယ်​တော်၏​ချမ်း​သာ​မြစ်​ရေ​ကို သောက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။

ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကို​မြင်​ခြင်း​ငှာ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ထို​သို့ ကိုယ်​တော်​ကို ဖူး​မျှော်​ပါ​ပြီ။

အိပ်​ရာ​ပေါ်​မှာ ကိုယ်​တော်​ကို အောက်​မေ့၍၊ ညဉ့်​ယံ​တို့၌ ကိုယ်​တော်​ကို ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ ဆီ​ဥ​ကို​လည်း​ကောင်း၊ ဆူ​သော​အ​သား​ကို​လည်း​ကောင်း စား၍​ဝ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည်​ဝ၍ ရွှင်​လန်း​သော​နှုတ်​ခမ်း​နှင့် အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

တံ​တိုင်း​တော်​အ​တွင်း၌ နေ၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​စေ​ခြင်း​ငှာ၊ ကိုယ်​တော် ရွေး​ကောက်​တော်​မူ​သော သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ သန့်​ရှင်း​သော ဗိ​မာန်​တော်​တည်း​ဟူ​သော အိမ်​တော်၌ ကောင်း​သော​အ​ရာ​တို့​နှင့် အ​ကျွန်ုပ်​တို့​သည် ဝ​ပြော​ကြ​ပါ​စေ​သော။

တ​ရား​သည်​ရှေ့​တော်၌​သွား၍ ခြေ​တော်​ရာ​တို့​ကို ပဲ့​ပြင်​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။

ငတ်​မွတ်​သော သူ​အ​ပေါင်း​တို့​ကို ငါ​ကျွေး​မွေး​မည်။ ညှိုး​ငယ်​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သက်​သာ​စေ​မည်​ဟု မိန့်​တော်​မူ၏။

ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​ကို သူ၏​နေ​ရင်း​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​သည် က​ရ​မေ​လ​တောင်​နှင့် ဗာ​ရှန်​တောင်​ပေါ်​မှာ​ကျက်​စား၍၊ ဧ​ဖ​ရိမ်​တောင်​နှင့် ဂိ​လဒ်​တောင်​ပေါ်​မှာ ဝ​လိမ့်​မည်။

ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ ကျွေး​မွေး​မည်။ မြင့်​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ သူ​တို့​ခြံ​ရှိ​လိမ့်​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ ကောင်း​သော​ခြံ၌​အိပ်၍၊ ကြွယ်​ဝ​သော ကျက်​စား​ရာ၌ ကျက်​စား​ကြ​လိမ့်​မည်။

စ​ပါး​ကျီ၌ စ​ပါး​ရှိ​သ​လော။ မ​ရှိ။ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်၊ သံ​လွင်​ပင်​တို့​သည် အ​သီး​ကို မ​သီး​ကြ​သေး။ သို့​သော်​လည်း၊ ယ​နေ့​မှ​စ၍ သင်​တို့​ကို ငါ​ကောင်း​ချီး​ပေး​မည်​ဟု မိန့်​တော်​မူ​၏။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊-

ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-

နဿ​လိ​အ​မျိုး​ကို​ကား၊ အို​နဿ​လိ​အ​မျိုး၊ ကျေး​ဇူး​တော်​နှင့်​ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မင်္ဂ​လာ​နှင့်​ပြည့်​စုံ​လျက်၊ အ​နောက်​ပိုင်း၊ တောင်​ပိုင်း​ကို​ဝင်​စား​လော့။

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ