Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 30:12

Judson Bible

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​နာ​သည် ပျောက်​ခဲ၏။ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပြင်း​လှ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏​တ​မန်​တို့​ကို ပြက်​ရယ်​ပြု၍ အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပ​ရော​ဖက်​တို့​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​မ​ငြိမ်း​နိုင်​အောင်၊ မိ​မိ​လူ​မျိုး​ကို တွက်​သ​ဖြင့်၊

သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။

ကိုယ်​တော်​သည် ယု​ဒ​ပြည်​ကို အ​ကုန်​အ​စင်​ပယ်​တော်​မူ​သ​လော။ ဇိ​အုန်​မြို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​လော။ ချမ်း​သာ​မ​ရ​အောင် အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ငြိမ်​သက်​ခြင်း​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​ကျိုး​ကို မ​ရ​ကြ​ပါ။ ချမ်း​သာ​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​နှင့်​သာ​တွေ့​ရ​ကြ​ပါ၏။

အ​ကျွန်ုပ်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် အ​ဘယ်​ကြောင့် မြဲ​ပါ​သ​နည်း။ မ​ပျောက်​လို၊ မ​ပျောက်​နိုင်​သော​အ​နာ​ကို အ​ဘယ်​ကြောင့် ခံ​ရ​ပါ​သ​နည်း။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည်​ပျောက်​တတ်၍၊ လှည့်​စား​သော​ရေ​ကဲ့​သို့ အ​ကျွန်ုပ်၌ ဖြစ်​တော်​မူ​ပါ​ပြီ​တ​ကား။

သင်​သည် အ​နာ​ကို​ခံ​ရ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ သင်၏​အ​ပြစ်​ကြီး​သော​ကြောင့်၊ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပျောက်​ခဲ၏။ သင်​ပြု​သော​ဒု​စ​ရိုက် များ​ပြား​သော​ကြောင့်၊ ဤ​သို့​ငါ​ဆုံး​မ​ရ၏။

စမ်း​ရေ​ပေါက်​ဝ​မှ ရေ​သည် စီး​ထွက်​သ​ကဲ့​သို့၊ ထို​မြို့​သည် ဒု​စ​ရိုက်​ကို ထွက်​စေ​တတ်၏။ မြို့​ထဲ၌ လု​ယူ​ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။ အ​နာ​များ​နှင့် ဒဏ်​ချက်​ရာ​များ​ကို အ​စဉ်​ငါ​မြင်​ရ၏။

ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။

သူ​ခံ​ရ​သော ဒဏ်​နာ​မ​ပျောက်​နိုင်။ ယု​ဒ​ပြည်​တိုင်​အောင်​ကူး​သ​ဖြင့်၊ ငါ၏​အ​မျိုး​သား​နေ​ရာ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။

သင်၏​အ​နာ​မ​ပျောက်​နိုင်။ ပြင်း​စွာ​ခံ​ရ၏။ သင်၏​သ​တင်း​ကို ကြား​သ​မျှ​သော သူ​တို့​သည် သင့်​အ​ပေါ်​မှာ လက်​ခုပ်​တီး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို​မ​ခံ​ဘဲ လွတ်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ပ​ရော​ဖက်​နာ​ဟုံ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ