Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 29:9

Judson Bible

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ထို​ဆ​ရာ​တို့​သည် ငါ​စေ​လွှတ်​သော​သူ မ​ဟုတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ငါ​မ​စေ​လွှတ်​ဘဲ ထို​ပ​ရော​ဖက်​တို့​သည် ပြေး​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​ကြ​ပြီ။

သင်​တို့​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​နှင့် သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့​ကို ငါ​နှင်​ထုတ်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ငါ​မ​စေ​လွှတ်​ဘဲ သူ​တို့​သည် ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​အား မု​သား​စ​ကား​ကို ဟော​ပြော​သော၊ ကော​လာ​ယ​သား အာ​ဟပ်​နှင့် မာ​သေ​ယ​သား ဇေ​ဒ​ကိ​တို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သူ​တို့​ကို သင်​တို့​မျက်​မှောက်၌ သတ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပြီ။ သူ့​မ​ယား​တို့​ကို ပြစ်​မှား​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​ကြ​ပြီ။ ငါ​သိ​သည်​အ​တိုင်း သက်​သေ​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ န​ဟေ​လံ​ရွာ​သား​ရှေ​မာ​ယ​နှင့် သူ၏​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး​မည်။ ဤ​အ​မျိုး​သား​တို့​တွင်၊ သူ၏ လူ​တစ်​ယောက်​မျှ နေ​ရ​သော​အ​ခွင့် မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ ငါ၏​လူ​မျိုး၌ ငါ​ပြု​လ​တ္တံ့​သော ကျေး​ဇူး​ကို သူ​သည်​မ​မြင်​ရ​ဟု၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​အ​ပေါင်း​တို့​ကို စာ​ပေး​လိုက်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍ မှာ​ထား​တော်​မူ၏။

သင်၏ ပ​ရော​ဖက်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ၊ မိုက်​သော​အ​ရာ​တို့​ကို သင့်​အ​ဖို့​မြင်​ကြ​ပြီ။ သိမ်း​သွား​ချုပ်​ထား​သော အ​မှု​ကို ပြေ​စေ​ခြင်း​ငှာ၊ သင်၏​အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ မှား​သော​ရူ​ပါ​ရုံ၊ လမ်း​လွဲ​စ​ရာ​အ​ရာ​ကို သင့်​အ​ဖို့ မြင်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ