Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 29:1

Judson Bible

ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

တစ်​ဖန် မော်​ဒ​ကဲ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို ရေး​ထား၏။

ထို​သို့​နှင့်​အ​ညီ ပ​ရော​ဖက်​ဟာ​န​နိ​သည် ထို​နှစ်​တွင်၊ သ​တ္တ​မ​လ၌​သေ​လေ၏။

ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​မင်း​ကို​လည်း၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ ငါ့​အား​ပြော​ဆို၏။

ထို​ကြောင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ ငါ​စေ​လွှတ်​သော​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။

သင်​သည် ဗာ​ဗု​လုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု၍ ဖတ်​ရ​မည်။

သူ​တို့​လက်​ဖြင့် ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ တ​မန်​တော်၊ သင်း​အုပ်၊ ညီ​အစ်​ကို​များ​တို့​သည်၊ အ​န္တိ​အုတ်​မြို့​မှ​စ၍ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ ပြည်​တို့၌​ရှိ​နေ၍ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော ညီ​အစ်​ကို​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။-

အ​ထက်​က​ပေး​လိုက်​သော စာ​အား​ဖြင့် သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့်၊ ငါ​သည် ယ​ခင်​အ​ခါ၌ နောင်​တ​ရှိ​သော်​လည်း ယ​ခု​အ​ခါ၌ မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​စာ​သည် သင်​တို့​ကို ခ​ဏ​သာ​ဝမ်း​နည်း​စေ​သည်​ကို ငါ​မြင်၏။

အ​ဘယ်​မျှ​လောက်​ကြီး​သော​စာ​ကို ကိုယ်​လက်​နှင့် သင်​တို့​အား ငါ​ရေး​လိုက်​သည်​ကို သင်​တို့​မြင်​ကြ၏။-

ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ကျဉ်း​အား​ဖြင့် ရေး​ထား၍ ကြား​လိုက်​သော ဤ​ဆုံး​မ​ခြင်း​ဩ​ဝါ​ဒ​စ​ကား​ကို သည်း​ခံ​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့​ကို နှိုး​ဆော်​တောင်း​ပန်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ