Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 27:9

Judson Bible

သို့​ဖြစ်၍၊ သင်​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား ပြော​တတ်​သော ပ​ရော​ဖက်၊ အ​နာ​ဂတ်​ဆ​ရာ၊ အိပ်​မက်​မြင်​သော​ဆ​ရာ၊ နတ်​ဝိ​ဇ္ဇာ​ဆ​ရာ၊ ပြု​စား​တတ်​သော​ဆ​ရာ​တို့၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

စုန်း​မ​ကို အ​သက်​ရှင်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​ရ။

ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊

ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။

တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။

ထာ​ဝ​ရ​ဘု​ရား​က၊ ထို​ပ​ရော​ဖက်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ မု​သား​ကို ဟော​တတ်​ကြ၏။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား၊ ဗျာ​ဒိတ်​မ​ပေး။ သူ​တို့​ဟော​ပြော​ချက်​တို့​သည် မျက်​စိ​ကို​လှည့်​ခြင်း၊ နတ်​ပူး​ခြင်း၊ အ​ချည်း​နှီး​ကြံ​စည်​ခြင်း၊ မိ​မိ​ဉာဏ်​အ​တိုင်း လှည့်​စား​ခြင်း သက်​သက်​ဖြစ်​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။

ငါ​သည် အိပ်​မက်​မြင်​ပြီ၊ အိပ်​မက်​မြင်​ပြီ​ဟု၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ မု​သား​ဖြင့်​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို ငါ​ကြား​ပြီ။

မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။

သူ​တို့​ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ရည်​မှတ်၍​မိန့်​တော်​မူ​သော​စ​ကား​ကို ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်၍ အ​ပြစ်​ဒဏ်​ခံ​ရ​သော​အ​ခါ၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော အ​ဓ​မ္မ​လူ​တို့၏ လည်​ပင်း​ပေါ်​မှာ၊ သင့်​ကို နေ​ရာ​ကျ​စေ​ခြင်း​ငှာ၊ သင့်​အ​ဖို့ အ​ချည်း​နှီး​သော​အ​ရာ​ကို​ကြည့်​မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​စဉ်​တွင်၊ ဓား​တော်​သည် လုပ်​ကြံ​ဖို့​ရာ ထုတ်​လျက်​ရှိ၏။ ဖျက်​ဆီး​ဖို့​ရာ အ​ရောင်​တောက်​သည်​တိုင်​အောင် ပြောင်​စွာ​ပွတ်​လေ​ပြီ။

မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။

ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဆည်း​ကပ်​သည်​အ​ကြောင်း​ကား၊ သူ​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ထို​သူ​သည် နတ်​ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ကြာ​မြင့်​စွာ​ပြု​လျက်​နေ၏။-

လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။-

သင်​တို့​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​ကို​ပေး၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​သည် ပြည့်​စုံ​သော်​လည်း၊

သင်​အ​စိုး​ရ​အံ့​သော လူ​မျိုး​တို့​သည်၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​အား​ဖြင့် ဟော​ပြော​သော​သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။ သင်​မူ​ကား ထို​သို့​ပြု​ရ​အောင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။

ပ​ရော​ဖက်​လုပ်​သော ဗော​ရ​သား​ဗာ​လမ်​ကို​လည်း၊ အ​သေ​ခံ​ရ​သော​သူ​တို့​နှင့်​ရော၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​နှင့်​ကွပ်​မျက်​ကြ၏။

ဆီ​မီး​အ​လင်း​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ထွန်း​မ​လင်း​ရ။ မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး အ​သံ​ကို​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ကြား​ရ။ အ​ကြောင်း​မူ​ကား၊ လော​ကီ​မှူး​မတ်​တို့​သည် သင်၏ ကုန်​သည်​ဖြစ်​ကြ​ပြီ။ လူ​အ​မျိုး​မျိုး​တို့​သည် သင်၏ ပြု​စား​ခြင်း ပ​ရိ​ယာယ်​အား​ဖြင့် လှည့်​ဖြား​ခြင်း​ကို ခံ​ရ​ကြ​ပြီ​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-

ကိုယ်​ကျင့်​သော အ​ကျင့်​တည်း​ဟူ​သော လူ​အ​သက်​ကို သတ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ အ​မှု​များ​ကို​လည်း နောင်​တ​မ​ရ​ဘဲ နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ