Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 26:5

Judson Bible

ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော ငါ၏​ကျွန် ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့၊ ယ​ခု​လည်း နား​မ​ထောင်​ဘဲ​နေ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ခါ​လ​ဒဲ​တပ်​သား၊ ရှု​ရိ​တပ်​သား၊ မော​ဘ​တပ်​သား၊ အ​မ္မုန်​တပ်​သား​တို့​ကို စစ်​ချီ​စေ​တော်​မူ၏။

ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ကို​သတ်​သော​အ​ပြစ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​အ​ပေါင်း​ကို သတ်​သော​အ​ပြစ်​အ​လျောက်၊ ယေ​ဇ​ဗေ​လ၌ ငါ​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သင်​သည် သင့်​သ​ခင်​အာ​ဟပ်​အ​မျိုး​ကို လုပ်​ကြံ​ရ​မည်။

အ​ဘယ်​သို့ လျှောက်​ရ​ပါ​မည်​နည်း။

အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​က ငါ​နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သော်​လည်း၊

အ​ကြောင်း​မူ​ကား၊ ငါ​သည်​စော​စော​ထ၍၊ အ​ထပ်​ထပ်​မှာ​ထား​စေ​လွှတ်​သော ငါ၏​ကျွန်​ပ​ရော​ဖက်​တို့၏​စ​ကား​ကို သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ငါ့​ကို​မျက်​နှာ​မ​ပြု​ဘဲ ကျော​ခိုင်း​ကြ​ပြီ။ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သွန်​သင်​သော်​လည်း၊ ငါ၏​ဩ​ဝါ​ဒ​ကို ခံ​လို​သော​ငှာ နား​မ​ထောင်​ကြ။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ခြိမ်း​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို ယု​ဒ​ပြည်​သူ၊ ယေ​ရှု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ​ဟု မိန့်​တော်​မူ၏။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊

ယ​ခု​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်၊ ငါ​ခေါ်၍ သင်​တို့​သည် မ​ထူး​သော​ကြောင့်​လည်း​ကောင်း၊

သင်​တို့​အ​ဘ​များ​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သွား​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည်​နေ့​တိုင်း​စော​စော​ထ၍၊ ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော်​လည်း၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် စစ်​ချီ​စေ​မည်​ဟု၊ လွန်​လေ​ပြီး​သော​ရှေး​ကာ​လ၌ ပ​ရော​ဖက်​ပြု​သော​ငါ၏​ကျွန် ဣ​သ​ရေ​လ​ပ​ရော​ဖက်​တို့​အား ငါ​သည် ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ သင့်​ကို​ရည်​မှတ်​သည်​မ​ဟုတ်​လော။

အ​ကယ်​စင်​စစ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ စီ​ရင်​တော်​မ​မူ။

ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​သည် ဖြစ်၍၊ အ​မျက်​တော်​သည်​လည်း ရောက်​ပါ​ပြီ။ သေ​လွန်​သော သူ​တို့​ကို တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ ကိုယ်​တော်၏ ကျွန်​တည်း​ဟူ​သော ပ​ရော​ဖက်​တို့​အား လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့ အား​လည်း​ကောင်း၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​သော​သူ အ​ကြီး​အ​ငယ်​တို့​အား​လည်း​ကောင်း၊ ဆု​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ၍ မြေ​ကြီး​ကို ဖျက်​ဆီး​သော သူ​တို့​ကို ဖျက်​ဆီး​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ