Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 26:21

Judson Bible

ယော​ယ​ကိမ်​မင်း​ကြီး​နှင့် မင်း​များ၊ မှူး​မတ်​များ​အ​ပေါင်း​တို့​သည် ထို​ပ​ရော​ဖက်၏ စ​ကား​ကို​ကြား​သော​အ​ခါ၊ သူ့​ကို သတ်​အံ့​သော​ငှာ မင်း​ကြီး​သည် ရှာ​ကြံ၏။ ထို​သ​တင်း​ကို​ကြား​လျှင်၊ ဥ​ရိ​ယ​သည်​ကြောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြေး​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​ကို ရှာ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​သ​ခင်​မ​စေ​လွှတ်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ မ​ရှိ​ပါ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​က၊ ဧ​လိ​ယ​မ​ရှိ​ပါ​ဟု လျှောက်​သော​အ​ခါ၊ ကိုယ်​တော်​ကို ရှာ၍​မ​တွေ့​နိုင်​ဟု ထို​တိုင်း​နိုင်​ငံ​သား​တို့​သည် အ​ကျိန်​ကို​ခံ​ရ​ကြ​ပါ၏။

ထို​သို့​ဆို​သော​ကြောင့်၊ အာ​သ​သည် ပ​ရော​ဖက်​ကို အ​မျက်​ထွက်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။ ထို​ကာ​လ၌ ပြည်​သူ​ပြည်​သား​အ​ချို့​တို့​ကို​လည်း ညှဉ်း​ဆဲ၏။

လူ​များ​တို့​သည် သူ့​ကို မ​ကောင်း​သော​အ​ကြံ​နှင့် တိုင်​ပင်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ဗိ​မာန်​တော်​အ​တွင်း၌ ကျောက်​ခဲ​နှင့်​ပစ်၍ သတ်​ကြ၏။

အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။

လူ​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် ကျော့​ကွင်း​ကို​ထောင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား လုံ​ခြုံ​လိမ့်​မည်။

ယု​ဒ​မှူး​မတ်​တို့​သည် ထို​အ​မှု​ကို ကြား​သိ​သော​အ​ခါ၊ နန်း​တော်​မှ ဗိ​မာန်​တော်​သို့​လာ၍၊ ဗိ​မာန်​တော် တံ​ခါး​သစ်​အ​တွင်း၌ ထိုင်​ကြ၏။

တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။

ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊

တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။-

ယော​ဟန်​ကို​သတ်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း၊ လူ​အ​ပေါင်း​တို့၏​မျက်​နှာ​ကို ထောက်၍ မ​သတ်​ဝံ့​ဘဲ​နေ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ​သ​တည်း။

ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ