Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 26:20

Judson Bible

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​နေ၊ ရှေ​မာ​ယ၏​သား ဥ​ရိ​ယ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ထို​မြို့​နှင့် ထို​ပြည်​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍၊ ယေ​ရ​မိ​ဟော​ပြော​သော​စ​ကား​နှင့် တ ညီ​တည်း​ဟော​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​ကို ရှာ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​သ​ခင်​မ​စေ​လွှတ်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ မ​ရှိ​ပါ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​က၊ ဧ​လိ​ယ​မ​ရှိ​ပါ​ဟု လျှောက်​သော​အ​ခါ၊ ကိုယ်​တော်​ကို ရှာ၍​မ​တွေ့​နိုင်​ဟု ထို​တိုင်း​နိုင်​ငံ​သား​တို့​သည် အ​ကျိန်​ကို​ခံ​ရ​ကြ​ပါ၏။

ထို​မင်း​သည် ဘိုး​ဘေး​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

ငါ​သည် သင်​တို့​သား​များ​ကို အ​ချည်း​နှီး​ဒဏ်​ပေး​ပြီ။ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ။ သင်​တို့၏​ဓား​သည် လု​ယူ​ဖျက်​ဆီး​တတ်​သော ခြင်္သေ့​ကဲ့​သို့၊ သင်​တို့၏ ပ​ရော​ဖက်​များ​ကို​ဖျက်​ဆီး​လေ​ပြီ။

မင်း​များ​တို့​က၊ သင်​သွား​လော့။ ယေ​ရ​မိ​နှင့်​အ​တူ ပုန်း​ရှောင်၍​နေ​လော့။ အ​ဘယ်​မှာ​နေ​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​သိ​စေ​နှင့်​ဟု ဗာ​ရုတ်​အား​မှာ​ခဲ့၍၊

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့၊ ရ​ဗ္ဗာ​မြို့၊ ရွာ​နှင့်​တ​ကွ နှစ်​မြို့​တည်း။

ထို​တောင်​မှ​ထွက်၍ အိုင်​တောင်​ကွေ့​ကို ဝိုင်း​သ​ဖြင့်၊ ယု​ဒ​အ​မျိုး​သား​နေ​သော ကိ​ရ​ယတ်​ယာ​ရိမ် မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့​သို့ ထွက်​သွား၏။ ဤ​ရွေ့​ကား အ​နောက်​ဘက်​အ​ပိုင်း​အ​ခြား​တည်း။

ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။

ကိ​ရ​ယတ်​ယာ​ရိမ် မြို့​သား​တို့​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တစ်​ဖန်​ပို့​ကြ​ပြီ။ သင်​တို့​လာ၍ ဆောင်​သွား​ကြ​ပါ​တော့​ဟု မှာ​လိုက်​ကြ၏။

သေ​တ္တာ​တော်​သည် အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး ကြာ​မြင့်​စွာ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၌​ရှိ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အောက်​မေ့၍ မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ