Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 26:11

Judson Bible

ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏။ သင်​တို့​သည် ကိုယ်​နား​နှင့် ကြား​သည်​အ​တိုင်း၊ ဤ​မြို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​ပါ​ပြီ​တ​ကား​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ၊ သူ​တို့ ကြံ​စည်​သ​မျှ​ကို ကိုယ်​တော်​သိ​တော်​မူ၏။ သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ​ပါ​နှင့်။ မျက်​မှောက်​တော်၌ သူ​တို့​အ​ပြစ်​ကို ချေ​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ ဆုံး​ရှုံး​ကြ​ပါ​စေ​သော။ အ​မျက်​တော်​ထွက်​သော​အ​ခါ၊ သူ​တို့​ကို စီ​ရင်​တော်​မူ​ပါ။

ထို​အ​ခါ မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​သည် မ​ဟုတ်။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား​ဟော​ပြော​လေ​ပြီ​ဟု ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား ပြော​ဆို​ကြ၏။

ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊

အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။-

ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။-

ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။

ထို​မျှ​တိုင်​အောင် ပေါ​လု၏​စ​ကား​ကို နား​ထောင်​ပြီး​လျှင်၊ ထို​သူ​တို့​သည်​အော်​ဟစ်၍၊ ထို​သို့​သော​သူ​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​လော့။ သူ​သည် အ​သက်​မ​ရှင်​သင့်​ဟု ဆို​ကြ၏။-

ငါ​မ​မှာ​ထား​ဘဲ ငါ့​အ​ခွင့်​ကို​ဆောင်၍ ရဲ​ရင့်​စွာ ဟော​ပြော​သော​ပ​ရော​ဖက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​အ​ခွင့်​နှင့် ဟော​ပြော​သော​ပ​ရော​ဖက်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ