Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 25:8

Judson Bible

ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။

လု​ယူ​ရာ​ဖြစ်​စေ​ခြင်း​ငှာ ယာ​ကုပ်​ကို​လည်း​ကောင်း၊ ဓား​ပြ​တို့​လက်​သို့ ဣ​သ​ရေ​လ​ကို​လည်း​ကောင်း အ​ဘယ်​သူ​အပ်​သ​နည်း။ ငါ​တို့​ပြစ်​မှား​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နောက်​တော်​သို့​မ​လိုက်၊ တ​ရား​တော်​ကို မ​ကျင့်​ဘဲ နေ​ကြ၏။

ဣ​သ​ရေ လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​သား​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ခြင်း​ငှာ၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​ကြောင့်၊ ငါ​ခြိမ်း​သ​မျှ​သော​ဘေး​ဒဏ်​တို့​ကို၊ ဤ​မြို့​ရွာ​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်​ဟူ​သော​အ​မိန့်​တော်​ကို လူ​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။

သင်​သည် ကောင်း​စား​သော​အ​ခါ ငါ​သ​တိ​ပေး၏။ သင်​က၊ ငါ​နား​မ​ထောင်​ဟု ပြန်​ပြော၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​မြဲ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

အ​ကြောင်း​မူ​ကား၊ ငါ​သည်​စော​စော​ထ၍၊ အ​ထပ်​ထပ်​မှာ​ထား​စေ​လွှတ်​သော ငါ၏​ကျွန်​ပ​ရော​ဖက်​တို့၏​စ​ကား​ကို သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ