Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 25:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ စော​စော​ထ၍ မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို၊ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ် စေ​လွှတ်​တော်​မူ​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ကြ။ အ​မိန့်​တော်​ကို ကြား​ခြင်း​ငှာ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။

ထာ​ဝ​ရ​ဘု​ရား​သည် မ​နာ​ရှေ​နှင့် သူ၏​လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​သော​ကြောင့်၊

ဘိုး​ဘေး​ကျင့်​သော အ​ကျင့်​ထက်၊ သင်​တို့​သည် သာ၍​ဆိုး​သော အ​ကျင့်​ကို ကျင့်​သ​ဖြင့်၊ ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဆိုး​သော စိတ်​နှ​လုံး၊ ခိုင်​မာ​သော​သ​ဘော​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊

ဘိုး​ဘေး​တို့​သည်​နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။ နား​မ​ကြား၊ ဆုံး​မ​ခြင်း​ကို မ​ခံ​မည်​အ​ကြောင်း၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​ကြ၏။

သူ​တို့​က​လည်း၊ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ကိုယ်​အ​လို​သို့ လိုက်​မည်။ ငါ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​ရှိ​သည်​အ​တိုင်း၊ အ​သီး​အ​သီး​ပြု​မည်​ဟု ဆို​ကြ၏။

ဣ​သ​ရေ လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​သား​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ခြင်း​ငှာ၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​ကြောင့်၊ ငါ​ခြိမ်း​သ​မျှ​သော​ဘေး​ဒဏ်​တို့​ကို၊ ဤ​မြို့​ရွာ​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်​ဟူ​သော​အ​မိန့်​တော်​ကို လူ​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။

သင်​သည် ကောင်း​စား​သော​အ​ခါ ငါ​သ​တိ​ပေး၏။ သင်​က၊ ငါ​နား​မ​ထောင်​ဟု ပြန်​ပြော၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​မြဲ​ရှိ၏။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော ငါ၏​ကျွန် ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့၊ ယ​ခု​လည်း နား​မ​ထောင်​ဘဲ​နေ​လျှင်၊

အ​ကြောင်း​မူ​ကား၊ ငါ​သည်​စော​စော​ထ၍၊ အ​ထပ်​ထပ်​မှာ​ထား​စေ​လွှတ်​သော ငါ၏​ကျွန်​ပ​ရော​ဖက်​တို့၏​စ​ကား​ကို သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ငါ့​ကို​မျက်​နှာ​မ​ပြု​ဘဲ ကျော​ခိုင်း​ကြ​ပြီ။ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သွန်​သင်​သော်​လည်း၊ ငါ၏​ဩ​ဝါ​ဒ​ကို ခံ​လို​သော​ငှာ နား​မ​ထောင်​ကြ။

သူ​မှ​စ၍ သူ၏​သား​မြေး​တို့​ကို​လည်း​ကောင်း၊ သူ၏​ကျွန်​တို့​ကို​လည်း​ကောင်း၊ အ​ပြစ်​နှင့်​အ​လျောက် ငါ​စီ​ရင်​မည်။ သူ​တို့​နှင့် ယေ​ရှု​ရှ​လင်​မြို့​သူ ယု​ဒ​ပြည်​သား​တို့​သည် နား​မ​ထောင်၊ သူ​တို့​အ​ပေါ်​သို့ ငါ​ခြိမ်း​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

ငါ​က​လည်း၊ တံ​ပိုး​မှုတ်​သံ​ကို​နား​ထောင်​ကြ​လော့​ဟု ဆို​လျက်၊ သင်​တို့​အ​ပေါ်၌ ကင်း​စောင့်​တို့​ကို ခန့်​ထား​သော​အ​ခါ၊ ငါ​တို့​သည် နား​မ​ထောင်​ဟု ပြန်​ပြော​ကြ၏။

ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ