Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 25:2

Judson Bible

ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အား၊ ယေ​ရ​မိ ဆင့်​ဆို​ဟော​ပြော​ရ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ဖို့ ဘေး​ဒဏ်​ကို ငါ​ပြင်​ဆင်၏။ သင်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ငါ​ကြံ​စည်၏။ သို့​ဖြစ်၍၊ ဆိုး​သော​လမ်း​မှ အ​သီး​အ​သီး ပြန်​လာ​ကြ​လော့။ သင်​တို့​လိုက်​သော​လမ်း​နှင့် သင်​တို့​ကျင့်​သော အ​ကျင့်​ကို ဖြောင့်​စေ​ကြ​လော့​ဟု၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ဆင့်​ဆို​လော့။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ရှိ​ရာ​သို့ သွား၍၊ သင်​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​အံ့​သော​ငှာ ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ​သ​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ