Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 25:12

Judson Bible

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ယော​ယ​ကိမ်​မင်း​လက်​ထက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ယော​ယ​ကိမ်​သည် သုံး​နှစ်​ကျွန်​ခံ​ပြီး​မှ တစ်​ဖန်​လှန်​ပြန်၍ ပုန်​ကန်​လေ၏။

ဖျက်​ဆီး​တတ်​သော ဗာ​ဗု​လုန်​မင်း​သ​မီး၊ သင်​သည် ငါ​တို့၌​ပြု​သည်​အ​တိုင်း၊ သင်၌ အ​ပြစ်​ကို ဆပ်​ပေး​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

တိုင်း​နိုင်​ငံ​တို့၏ အထွတ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

တစ်​ဖန်​လည်း၊ ငါ​သည် ထို​မြို့​ကို ဖြူ​ကောင်​များ​နေ​ရာ၊ ရေ​လွှမ်း​မိုး​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ဖျက်​ဆီး​ခြင်း၏ တံ​မြက်​စည်း​ဖြင့်​လှည်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ်​ရေ​ကန်​တို့​သည် ဆိတ်​ညံ၍၊ မြက်​ပင်​များ သွေ့​ခြောက်​ခဲ့​ပြီ။ ပျိုး​ပင်​များ​လည်း သေ​ခဲ့​ပြီ။ စိမ်း​သော​အ​ပင် တစ်​ပင်​မျှ​မ​ရှိ။

အာ​ရှု​ရိ​ရှင်​ဘု​ရင် သာ​ဂုန်​စေ​လွှတ်​သော​ဗိုလ်​မင်း​တာ​တန်​သည် အာ​ဇုတ်​မြို့​သို့​စစ်​ချီ၍၊ ထို​မြို့​ကို လုပ်​ကြံ​သော​နှစ်​တွင်၊

သူ​တစ်​ပါး လု​ယူ​ခြင်း​ကို​မ​ခံ​ဘဲ​လျက်၊ လု​ယူ​တတ်​သော​သူ၊ သူ​တစ်​ပါး​ဖျက်​ဆီး​ခြင်း​ကို မ​ခံ​ဘဲ​လျက်၊ ဖျက်​ဆီး​တတ်​သော​သူ၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သင်​သည် မ​လု​မ​ယူ​ဘဲ နေ​သော​အ​ခါ လု​ယူ​ခြင်း​ကို ခံ​ရ​မည်။ ဖျက်​ဆီး၍ မော​သော​အ​ခါ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

များ​စွာ​သော​လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​ကို စေ​စား​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​သော​အ​ကျင့်၊ သူ​တို့​ကိုယ်​တိုင်​ပြု​သော အ​မှု​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်။

ထို​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​ကြွ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ ရှိ​နေ​ရ​ကြ​လိမ့်​မည်။ ငါ​ကြွ​လာ​သော​အ​ခါ၊ ထို​တန်​ဆာ​တို့​ကို ငါ​ဆောင်​ခဲ့၍၊ ဤ​အ​ရပ်၌ ပြန်​ထား​မည်​ဟု မိန့်​တော်​မူ၏။

သူ၏​နိုင်​ငံ​ဆုံး​ချိန် မ​ရောက်​မီ​တိုင်​အောင်၊ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည် သူ၏​အ​မှု​နှင့် သူ၏​သား​မြေး​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ ထို​အ​ချိန်​ရောက်​မှ၊ များ​စွာ​သော လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို စေ​စား​ကြ​လိမ့်​မည်။

တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့၌ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ သင်​တို့​ကို ငါ​အ​ကြည့်​အ​ရှု ကြွ​လာ​မည်။ ငါ​ထား​သော က​တိ​ကောင်း​ကို တည်​စေ၍၊ သင်​တို့​ကို ဤ​ပြည်​သို့ ငါ​ပို့​ဆောင်​ဦး​မည်။

သင့်​ကို​အ​စဉ်​မ​ပြတ် သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်၏​မြို့​တို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို ပ​ရော​ဖက်​ယေ​ရ​မိ ခံ​ဖူး​သည်​ဖြစ်၍၊ ခါ​လ​ဒဲ​နိုင်​ငံ​ကို အ​စိုး​ရ​သော မေ​ဒိ​အ​မျိုး၊ အာ​ရွှေ​ရု​သား​ဒါ​ရိ နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ထို​နှစ်​ပေါင်း​အ​ရေ​အ​တွက်​ကို ကျမ်း​စာ​အား​ဖြင့် သိ​ရ​သော​ကြောင့်၊

သို့​ဖြစ်၍၊ သူ​သည် ပိုက်​ကွန်​ထဲ​က ငါး​တို့​ကို သွန်း​လောင်း​ရ​ပါ​မည်​လော။ လူ​အ​မျိုး​မျိုး​တို့​ကို မ​နှ​မြော​ဘဲ အ​စဉ်​လုပ်​ကြံ​ရ​ပါ​မည်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ