Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 24:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ဘော​သ​ဖန်း​သီး​ကို မြင်​ပါ၏။ ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​သည် အ​လွန်​ကောင်း​ပါ၏။ ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​သည် မ​စား​နိုင်​အောင် အ​လွန်​ညံ့​ပါ​သည်​ဟု ပြန်​လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ကို ငါ​စေ​လွှတ်​မည်။ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။

အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။

အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ နွေ​ကာ​လ အ​သီး​ပါ​သော​တောင်း​ကို မြင်​ပါ​သည်​ဟု ငါ​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​ဆုံး​ကာ​လ​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​လေ​ပြီ။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။

သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​သည် ကြည့်​ရှု၍ ရွှေ​အ​တိ​ပြီး​သော ဆီ​မီး​ခုံ​ကို မြင်​ပါ၏။ မီး​ခုံ​တိုင်​အ​ဖျား၌ ဆီ​အိုး​တစ်​လုံး၊ မီး​ခွက်​ခု​နစ်​လုံး၊ ဆီ​အိုး​နှင့် မီး​ခွက်​ခု​နစ်​လုံး ဆက်​သော ပြွန်​တံ​ခု​နစ်​တံ​ရှိ​ပါ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်​ပါ၏။ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​တစ်​ဆယ်​ရှိ​ပါ​သည်​ဟု လျှောက်၏။

ရှေး​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မေး​မြန်း​ခြင်း​ငှာ​သွား​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ မြင်​သော​သူ​ထံ​သို့ သွား​ကြ​စို့​ဟု ဆို​တတ်​ကြ၏။ ပ​ရော​ဖက်​ဟူ၍​ခေါ်​ဝေါ်​သော​သူ​ကို ရှေး​ကာ​လ၌ မြင်​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ