Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 24:2

Judson Bible

တောင်း​တစ်​လုံး၌​ကား၊ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ အ​လွန်​ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​နှင့် ပြည့်​လျက်​ရှိ၏။ တစ်​လုံး၌​ကား၊ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​နှင့် ပြည့်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ကျေး​ဇူး​ပြု​နိုင်​လျက်၊ မ​ပြု​သေး​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်။ ဗော​ရှ​သီး​ကို အ​ဘယ်​ကြောင့် သီး​သ​နည်း။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ကို ငါ​စေ​လွှတ်​မည်။ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ နွေ​ကာ​လ၌ ဆွတ်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့​လည်း​ကောင်း၊ လိုက်၍ ကောက်​သော စ​ပျစ်​သီး အ​ကျန်​အ​ကြွင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။ စား​စ​ရာ​ဖို့ စ​ပျစ်​သီး​ပြွတ် မ​ရှိ။ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကို ငါ​တောင့်​တ​ရ၏။

သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ရှေ့​ဦး​စွာ မှည့်​သော​အ​သီး​ကို သီး​သော သင်္ဘော​သ​ဖန်း​ပင်​နှင့် တူ​ကြ​လိမ့်​မည်။ လှုပ်​လျှင် စား​ချင်​သော​သူ၏ ပါး​စပ်​ထဲ​သို့ ကျ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ အ​ဦး​မှည့်​သော​သစ်​သီး​ကို​လည်း သင်​ဆိုင်​ရ​မည်။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ