Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 24:1

Judson Bible

ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေခေါနိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ၏ ကျွန်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​စစ်​ချီ၍ ဝိုင်း​ထား​ကြ၏။

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊

တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။

ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​မင်း​ကို​လည်း၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ ငါ့​အား​ပြော​ဆို၏။

ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊

ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ထံ၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်​သော ရှာ​ဖန်​သား​ဧ​လာ​သာ​နှင့် ဟိ​လ​ခိ​သား ဂေ​မ​ရိ​တွင်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​စာ​ရေး၍ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​သက်​ကြီး​သူ၊

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ယော​ယ​ကိမ်​သား​ခေါ​နိ​အ​ရာ၌၊ ယော​ရှိ​မင်း​ကြီး၏​သား ဇေ​ဒ​ကိ​မင်း​ကြီး​သည် နန်း​ထိုင်​လေ၏။

အ​မြင့်​ဆုံး​သော အ​ညွန့်​တို့​ကို ချိုး​ဆိတ်၍ ကုန်​သွယ်​ရာ​ပြည်​သို့ ချီ​ဆောင်​ပြီး​လျှင်၊ ကုန်​သည်​မြို့၌​စိုက်​လေ၏။

သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား၍၊ သူ၏​အ​သံ​သည် ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ နောက်​တစ်​ဖန် မ​မြည်​စေ​ခြင်း​ငှာ နှောင်​အိမ်၌​လှောင်​ထား​ကြ၏။

အ​ကယ်​စင်​စစ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ စီ​ရင်​တော်​မ​မူ။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ရှင်​ဘု​ရင်​ဆိုင်​သော မြက်​ပင်​ကို​ရိတ်​ပြီး​မှ၊ နောက်​မြက်​ပင် ပေါက်​စ​ကာ​လ၌ ကျိုင်း​ကောင်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း လက်​သ​မား​လေး​ဦး​တို့​ကို ပြ​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ရှေ့၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ စာ​တန် သည် ရန်​ဘက်​ပြု၍ သူ၏​လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း ငါ့​အား​ပြ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ