Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 23:4

Judson Bible

သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ငါ့​ကျွန်​ယာ​ကုပ်၊ မ​ကြောက်​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ စိတ်​မ​ပျက်​နှင့်။ သင့်​ကို ဝေး​သော​အ​ရပ်​မှ​လည်း​ကောင်း၊ သင်၏​အ​မျိုး​သား​တို့​ကို သိမ်း​သွား​ရာ ပြည်​မှ​လည်း​ကောင်း၊ ငါ​နုတ်​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ ယာ​ကုပ်​အ​မျိုး​သည် ပြန်​လာ၍၊ ခြောက်​လှန့်​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ နေ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အို လူ​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဝေး​သော​အ​ရပ်​ရပ်​တို့၌ ကြွေး​ကြော်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော​သူ​သည် တစ်​ဖန် စု​သိမ်း​ပြီး​လျှင်၊ သိုး​ထိန်း​သည် မိ​မိ​သိုး​စု​ကို​စောင့်​တတ်​သ​ကဲ့​သို့ စောင့်​တော်​မူ​မည်​ဟု ကြား​ပြော​ကြ​လော့။

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​အ​မျိုး​ကို အုပ်​စိုး​ရ​သော မင်း​အ​ရာ၌၊ ယာ​ကုပ်​အ​မျိုး​နှင့် ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး သား​စဉ်​မြေး​ဆက်​ထဲ​က ငါ​ရွေး၍​မ​ခန့်​ထား​ဘဲ စွန့်​ပစ်​မည်။ သို့​မ​ဟုတ် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ထို​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ ကယ်​မ​သ​နား​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​အ​ပေါ်​မှာ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ငါ​များ​ပြား​စေ​သ​ဖြင့်၊ သူ​တို့​သည်​ပွား​များ၍ သား​မြေး​အ​စဉ်​အ​ဆက် ရှိ​ကြ​လိမ့်​မည်။ နေ​ရင်း​အ​ရပ်​တို့၌ ငါ​နေ​ရာ​ချ၍၊ အ​ရင်​ပြု​သ​ကဲ့​သို့ ငါ​ကျေး​ဇူး​ပြု​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။

လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​တ​ရား​သော​အ​မှု​ကို မ​ပြု​ရ​ကြ။ မု​သား​မ​ပြော​ရ​ကြ။ သူ​တို့ နှုတ်၌ လှည့်​စား​တတ်​သော လျှာ​မ​ရှိ​ရ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ စား​သောက်​လျက်၊ အိပ်​လျက် နေ​ရ​ကြ​လိမ့်​မည်။

ကိုယ်​တော်​ကျွန်​တို့​သည် အုပ်​သော​စစ်​သူ​ရဲ​တို့​ကို စာ​ရင်း​ယူ​ပြန်၍၊ လူ​တစ်​ယောက်​မျှ မ​လျော့​ပါ။

အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ