ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကိုမေးလော့။
ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်းကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏အနီးသို့ ဧကန်အမှန် ရောက်လေပြီ။
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တစ်ဖန် မဆိုရ။ လူတိုင်း မိမိစကားမှတစ်ပါး အခြားသောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင်တည်းဟူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏စကားတော်ကို ဖျက်ကြပြီ။
သင်တို့က၊ ထာဝရဘုရား၏ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည်အကြောင်း၊ ငါပညတ်သော်လည်း၊ သင်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြသောကြောင့်၊