Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 23:31

Judson Bible

မိ​မိ​တို့​အ​လို​အ​လျောက် ဟော​ပြော​လျက်​နှင့် အ​မိန့်​တော်​ရှိ​သည်​ဟု​ဆို​သော ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ခေ​နာ​နာ​သား ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။

သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​အား၊ သင်​တို့​သည် ငြိမ်​ဝပ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​ဟု ဟော​တတ်​ကြ၏။ မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့ လိုက်​သော​သူ​တို့​အား၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​ရ​ကြ​ဟု ဟော​တတ်​ကြ၏။

သို့​ဖြစ်၍၊ ငါ့​စ​ကား​တော်​ကို အိမ်​နီး​ချင်း တစ်​ယောက်​မှ​တစ်​ယောက် ခိုး​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပ​ရော​ဖက်​ယေ​ရ​မိ​က​လည်း၊ ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စေ​လွှတ်​တော်​မ​မူ။ ဤ​လူ​မျိုး​သည် မု​သား၌ ခို​လှုံ​မည်​အ​ကြောင်း​ကို သင်​ပြု​တတ်၏။

ထို​သို့​နှင့်​အ​ညီ ပ​ရော​ဖက်​ဟာ​န​နိ​သည် ထို​နှစ်​တွင်၊ သ​တ္တ​မ​လ၌​သေ​လေ၏။

ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။

ငါ​မ​မှာ​ထား​ဘဲ ငါ့​အ​ခွင့်​ကို​ဆောင်၍ ရဲ​ရင့်​စွာ ဟော​ပြော​သော​ပ​ရော​ဖက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​အ​ခွင့်​နှင့် ဟော​ပြော​သော​ပ​ရော​ဖက်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ