Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 22:9

Judson Bible

ဤ​မြို့​သား​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို စွန့်​ပစ်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်၊ ဤ​သို့​ပြု​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ရပ်​မြင့်​သော ဤ​အိမ်​တော်​ကို​လည်း​လမ်း၌ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​နှင့် ဤ​အိမ်​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု ကဲ့​ရဲ့​သံ​ကို​ပြု​လျက် တစ်​ယောက်​မေး​မြန်း​သော်၊

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော​အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ့​စ​ကား​ကို ငြင်း​ပယ်​သော ဘိုး​ဘေး​တို့၏ ဒု​စ​ရိုက်​များ​ကို ပြု​အံ့​သော​ငှာ​ပြန်​သွား​ကြ​ပြီ။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​အံ့​သော​ငှာ လိုက်​သွား​ကြ​ပြီ။ သူ​တို့၏​ဘိုး​ဘေး​များ​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဖျက်​ကြ​ပြီ။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊

သူ​တို့​ကို တွေ့​ကြုံ​သ​မျှ​သော သူ​တို့​သည် ကိုက်​စား​ကြ​ပြီ။ ရန်​သူ​တို့​က၊ သူ​တို့​သည် တ​ရား​သော​ငြိမ်​ဝပ်​ရာ၊ ဘိုး​ဘေး​တို့​ခို​လှုံ​ရာ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့​သည် ကိုက်​စား​သော်​လည်း မ​လွန်​ကျူး​ဟု ပြော​ဆို​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သူ​တို့၌ ငါ​ပေး​သော​တ​ရား​ကို မ​ကျင့်​မ​စောင့်​ဘဲ စွန့်​ပစ်၍၊

သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် လွတ်၍၊ ငါ​ကျန်​ကြွင်း​စေ​သော သူ​အ​ချို့​တို့​သည် မိ​မိ​တို့​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ရှိ​သ​မျှ​တို့​ကို၊ နောက်​ရောက်​သော တစ်​ပါး​အ​မျိုး​သား​နေ​ရာ​ပြည်​တို့၌ ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​အ​မျိုး​တို့​အ​ပြစ်​ကြောင့် သိမ်း​သွား​ခြင်း​ခံ​ရ​ကြောင်း​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် မျက်​နှာ​လွှဲ၍ ရန်​သူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​ပြီ။

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း။ ဤ​ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကား၊ အ​ဘယ်​သို့​နည်း​ဟု လူ​အ​မျိုး​မျိုး​တို့​သည် မေး​မြန်း​ကြ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ