Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 22:8

Judson Bible

လူ​အ​မျိုး​မျိုး​တို့​သည် ဤ​မြို့​အ​နား​မှာ​လျှောက်​သွား​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြို့​ကြီး​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု၊ တစ်​ယောက်​ကို​တစ်​ယောက် မေး​ကြ​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဤ​လူ​မျိုး​အား​ကြား​ပြော၍ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မျှ​လောက်​ကြီး​စွာ​သော ဘေး​ဒဏ်​ကို ငါ​တို့​အား အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ငါ​တို့​ပြု​သော ဒု​စ​ရိုက်​ကား၊ အ​ဘယ်​သို့​နည်း။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကား၊ အ​ဘယ်​သို့​နည်း​ဟု မေး​ကြ​သော​အ​ခါ၊

ကိုယ်​ရံ​တော်​မှူး​သည် သူ့​ကို​ခေါ်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ ရောက်​သော​အ​မှု​ကို ခြိမ်း​တော်​မူ​နှင့်​ပြီ။

ခြိမ်း​တော်​မူ​သည် အ​တိုင်း​လည်း၊ အ​မှု​ကို​ရောက်​စေ၍ စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​သည် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ဤ​အ​မှု​သည် သင်​တို့​အ​ပေါ်​သို့​ရောက်​လေ​ပြီ။

ရန်​ပြု​သော​သူ​နှင့် စစ်​တိုက်​သော​သူ​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​သို့ ဝင်​နိုင်​သည်​ဟု၊ လော​ကီ​ရှင်​ဘု​ရင်​နှင့် လော​ကီ​သ​တ္တ​ဝါ တစ်​စုံ​တစ်​ယောက်​မျှ မ​ယုံ​ကြ။

သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် လွတ်၍၊ ငါ​ကျန်​ကြွင်း​စေ​သော သူ​အ​ချို့​တို့​သည် မိ​မိ​တို့​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ရှိ​သ​မျှ​တို့​ကို၊ နောက်​ရောက်​သော တစ်​ပါး​အ​မျိုး​သား​နေ​ရာ​ပြည်​တို့၌ ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​အ​မျိုး​တို့​အ​ပြစ်​ကြောင့် သိမ်း​သွား​ခြင်း​ခံ​ရ​ကြောင်း​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် မျက်​နှာ​လွှဲ၍ ရန်​သူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​ပြီ။

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် တ​ရား​နှင့် ဆိုင်​တော်​မူ၏။ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် နှင်​ထုတ်​တော်​မူ၍ နီး​သော​ပြည်၊ ဝေး​သော​ပြည်၊ အ​ရပ်​ရပ်​တို့၌​နေ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တည်း​ဟူ​သော အ​ကျွန်ုပ်​တို့​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ