Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 22:5

Judson Bible

သို့​မ​ဟုတ်၊ သင်​တို့​သည် ဤ​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ဤ​နန်း​တော်​သည် လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​ကိုယ် တိုင်​တည်၍ မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဤ​အ​မှု​ကို​ပြု၍၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို၊ ငါ့​အား​မ​ငြင်း​သော​ကြောင့်၊

သို့​မ​ဟုတ် သင်​တို့​သည် လမ်း​လွဲ၍ ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စွန့်​ပယ်​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊

အ​ရပ်​မြင့်​သော ဤ​အိမ်​တော်​ကို​လည်း လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​နှင့် ဤ​အိမ်​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု တစ်​ယောက်​က​မေး​မြန်း​သော်၊

တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​ကို​မှီ​ဝဲ​လျက် ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။

သို့​မ​ဟုတ်​၊ ငြင်း​ဆန်​ပုန်​ကန်​လျှင် ဓား​လက်​နက်​ဖြင့် ဆုံး​ရ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​တော်​ထွက်​အ​မိန့်​တော်​ရှိ​၏။

ငါ​သည် ကိုယ်​အိမ်​ကို​စွန့်၍၊ ကိုယ်​အ​မွေ​ကို​ပစ်​ထား​ပြီ။ ငါ​အ​လွန်​ချစ်​သော​အစ်​မ​ကို သူ၏​ရန်​သူ​လက်​သို့ အပ်​နှံ​ပြီ။

သို့​မ​ဟုတ်၊ ဥ​ပုသ်​နေ့၌​ဝန်​ကို ထမ်း​ရွက်၍၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​များ​သို့​မ​ဝင်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​လျှင်၊ ငါ​သည် ထို​မြို့​တံ​ခါး​တို့​ကို​မီး​ရှို့၍၊ ထို​မီး​သည် မ​ငြိမ်း​မ​သေ​ဘဲ ယေ​ရု​ရှ​လင်​မြို့ ဘုံ​ဗိ​မာန်​တို့​ကို လောင်​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ သင်​သည် ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သင်​တို့၌ ငါ​ထား​သော ပ​ညတ်​တ​ရား​လမ်း​သို့​မ​လိုက်၊

ခါ​လ​ဒဲ​လူ​တို့​သည်​လည်း၊ နန်း​တော်​နှင့် ဆင်း​ရဲ​သား​အိမ်​တို့​ကို မီး​ရှို့၍၊ မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။

သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ယု​ဒ​လူ​တစ်​ယောက်​မျှ ငါ၏​နာ​မ​ကို​မ​မြွက်​မ​ဆို​ရ​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​မ​ဟာ​နာ​မ​ကို တိုင်​တည်၍ ကျိန်​ဆို၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၏​မာ​န​ကို​ငါ​ရွံ​ရှာ၍ သူ၏​ဘုံ​ဗိ​မာန်​တို့​ကို မုန်း​သော​ကြောင့်၊ မြို့​တော်​နှင့် မြို့၌​ရှိ​သ​မျှ​ကို ငါ​စွန့်​ပစ်​မည်။

ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။-

သင်​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ​သော သူ​တို့​ကား၊ မ​ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​နည်း။-

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊-

ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ