Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 22:26

Judson Bible

သင့်​ကို​လည်း​ကောင်း၊ သင့်​ကို​ဖွား​မြင်​သော သင်၏​အ​မိ​ကို​လည်း​ကောင်း၊ မွေး​ဖွား​ရာ​ဌာ​န မ​ဟုတ်​သော​ပြည်​သို့ ငါ​နှင်​ထုတ်​သ​ဖြင့်၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယေ​ခေါ​နိ​နှင့် မယ်​တော်​အ​စ​ရှိ​သော မိ​ဖု​ရား​များ၊ အ​ရာ​ရှိ​များ၊ အား​ကြီး​သော ပြည်​သား​များ​အ​ပေါင်း၊

ယေ​ခေါ​နိ​သည် အ​သက်​ဆယ်​ရှစ်​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား ဧ​လ​နာ​သန်၏​သ​မီး​န​ဟု​တ္တ​အ​မည်​ရှိ၏။

ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မေ​ရော​ဒက်​နန်း​စံ စ​က၊ ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။

ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။

အ​သက်​ရှည်​သ​မျှ နေ့​ရက်​အ​စဉ်​မ​ပြတ် သူ​စား​စ​ရာ​ဖို့ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​စ​တု​တ္ထ​စောင်​ပြီး၏။

ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော​နှင်​ထုတ်​ခြင်း​ဖြင့် သင့်​ကို နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ သင့်​ကို အ​မှန်​ကိုင်​ဖမ်း၍၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။

ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။

သင်​တို့​နှင့် သင်​တို့၏​ဘိုး​ဘေး​မ​သိ​သော​ပြည်​သို့ ဤ​ပြည်​ထဲ​က သင်​တို့​ကို ငါ​နှင်​လိုက်​မည်။ ထို​ပြည်၌ သင်​တို့​သည် ငါ၏​ကျေး​ဇူး​ကို မ​ခံ​ရ။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို နေ့​ည​မ​ပြတ် ဝတ်​ပြု​ရ​ကြ​မည်။

ပြန်​လို​သော​ပြည်​သို့ နောက်​တစ်​ဖန်​ပြန်၍​မ​လာ​ရ​ကြ။

ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​မင်း​ကို​လည်း၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ ငါ့​အား​ပြော​ဆို၏။

ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ထံ၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်​သော ရှာ​ဖန်​သား​ဧ​လာ​သာ​နှင့် ဟိ​လ​ခိ​သား ဂေ​မ​ရိ​တွင်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​စာ​ရေး၍ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​သက်​ကြီး​သူ၊

အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​သည် ယု​ဒ​ပြည်​သို့ ပြန်၍​နေ​ချင်​သော်​လည်း၊ တစ်​ယောက်​မျှ ဘေး​နှင့်​မ​လွတ်​ရ၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ကြ။ ဘေး​လွတ်​သော​သူ​သာ​လျှင် ပြန်​ရ​ကြ​လိမ့်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ