ယေရမိ 22:22Judson Bibleသင့်ကို ကျွေးမွေးသောသူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်းရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်သည် ပျက်စီးခြင်းသို့ရောက်သောအခါ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသောအဝတ်ကို ဝတ်သော်လည်းကောင်း၊ ရွှေတန်ဆာကို ဆင်သော်လည်းကောင်း၊ သင်၏မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်လည်းကောင်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှာ ရှာကြံကြ၏။