Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 21:1

Judson Bible

ဇေ​ဒ​ကိ​မင်း​ကြီး​သည် မေ​လ​ခိ​သား ပါ​ရှု​ရ​နှင့်၊ ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား​ဇေ​ဖ​နိ​တို့​ကို ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို စစ်​တိုက်​သည်​ဖြစ်၍၊ သူ့​ကို​ငါ​တို့​ထံ​မှ ပြန်​သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​သ​မျှ​အ​တိုင်း၊ ငါ​တို့၌ တစ်​ဖန်​ပြု​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​ပါ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​တွေ့​သော ကျမ်း​စ​ကား​ကြောင့် ငါ့​အ​တွက်၊ လူ​များ​အ​တွက်၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​ကြ​ပါ။ ငါ​တို့​အ​ဖို့ ဤ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​စ​ကား​တို့​ကို ဘိုး​ဘေး​တို့​သည် နား​မ​ထောင်​မ​ကျင့်​ဘဲ နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ယော​ရှိ​သား​ဦး​ကား ယော​ဟာ​နန်၊ ဒု​တိ​ယ​သား ယော​ယ​ကိမ်၊ တ​တိ​ယ​သား ဇေ​ဒ​ကိ၊ စ​တု​တ္ထ​သား ရှ​လ္လုံ​တည်း။

မာ​လ​ခိ၊ ပါ​ရှု​ရ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​နှင့် ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ မေ​ရှု​လံ၊ ယာ​ဇေ​ရ၊ အ​ဒေ​လ​တို့​မှ ဆင်း​သက်​သော​မာ​ရှဲ အ​စ​ရှိ​သော၊

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​သော အ​မျိုး​သား​ချင်း ရှစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​မှ​တစ်​ပါး၊ မာ​လ​ခိ၊ ပါ​ရှု​ရ၊ ဇာ​ခ​ရိ၊ အာ​မ​ဇိ၊ ပေ​လ​လိ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​အ​စ​ရှိ​သော၊

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​မာ​သေ​ယ​သား ဇေ​ဖ​နိ​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​များ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​ကို စာ​ပေး​လိုက်၍၊

ရှေ​မာ​ယ​ပေး​လိုက်​သော​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဇေ​ဖ​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ရှေ့​မှာ ဖတ်​လေ၏။

ဗိ​မာန်​တော်​အ​တွင်း၊ တံ​ခါး​စောင့်​ရှ​လ္လုံ​သား မာ​သေ​ယ၏​အ​ခန်း​အ​ပေါ်၊ မှူး​တော်​မတ်​တော် စည်း​ဝေး​ရာ​အ​ခန်း​နား​မှာ ဘု​ရား​သ​ခင်၏​လူ ဣ​ဂ​ဒါ​လိ​သား ဟာ​နန်၏​သား​တို့​နေ​သော​အ​ခန်း​ထဲ​သို့ ဆောင်​သွား​ပြီး​လျှင်၊

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ယော​ယ​ကိမ်​သား​ခေါ​နိ​အ​ရာ၌၊ ယော​ရှိ​မင်း​ကြီး၏​သား ဇေ​ဒ​ကိ​မင်း​ကြီး​သည် နန်း​ထိုင်​လေ၏။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

တ​ရံ​ရော​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး​သည်၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ​နှင့် ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား ဇေ​ဖ​နိ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ငါ​တို့​အ​ဖို့ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပါ​လော့​ဟု မှာ​လိုက်၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို​မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို​မှာ​လိုက်​သော ယု​ဒ​ရှင်​ဘု​ရင်​အား ဤ​သို့​ပြန်​ပြော​လော့။ သင်​တို့​ကို​စစ်​ကူ​ခြင်း​ငှာ​လာ​သော ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် သူ​တို့​နေ​ရင်း အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ထဲ​မှာ​နေ​သော​သူ​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် သေ​လိမ့်​မည်။ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ထွက်​သွား​သော သူ​သည်​အ​သက်​ချမ်း​သာ၍၊ လက်​ရ​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို​ရ​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​လက်​သို့ ဆက်​ဆက်​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏​ဟု၊ ယေ​ရ​မိ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​တတ်​သော​စ​ကား​များ​ကို မဿန်​သား ရှေ​ဖ​တိ၊ ပါ​ရှု​ရ​သား ဂေ​ဒ​လိ၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ၊ မာ​လ​ခိ​သား ပါ​ရှု​ရ​တို့​သည်​ကြား​သော​အ​ခါ၊

တစ်​ဖန် ဇေ​ဒ​ကိ​မင်း​ကြီး​သည်​လူ​ကို​စေ​လွှတ်၍၊ ဗိ​မာန်​တော်၌ တ​တိ​ယ​အ​တွင်း​ခန်း​ထဲ​သို့ ယေ​ရ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်၌ တစ်​စုံ​တစ်​ခု​ကို ငါ​မေး​မြန်း​မည်။ အ​ဘယ်​အ​ရာ​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်​ဟု ဆို​သော်၊

ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ