Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 20:9

Judson Bible

ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​အ​ထဲ​မှာ နှ​လုံး​ပူ​ဆွေး​ခြင်း​ရှိ၏။ ငါ​ညည်း​တွား​စဉ်၊ မီး​လောင်​လေ၏။ ထို​အ​ခါ​ငါ​သည် နှုတ်​မြွက်၏။

ငါ၏ နှုတ်​က​ပတ်​တော်​သည် မီး​ကဲ့​သို့​လည်း​ကောင်း၊ ကျောက်​ကို​ထု​ချေ​သော သံ​တူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။

ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။

ထို​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နှင့် ပြည့်​ဝ၏။ အောင့်၍ မ​နေ​နိုင်။ လမ်း၌​ရှိ​သော သူ​ငယ်​များ​နှင့် စု​ဝေး​သော လူ​ပျို​များ​အ​ပေါ်​သို့ အ​မျက်​တော်​ကို ငါ​သွန်း​လောင်း​မည်။ လင်​မ​ယား​အ​စုံ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သော​သူ​နှင့် အို​လွန်း​သော​သူ​ကို​လည်း​ကောင်း သိမ်း​သွား​မည်။

ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။

အ​ချင်း​လူ​သား၊ ငါ​ပေး​သော ဤ​စာ​လိပ်​ကို စား၍ ဝမ်း​ပြည့်​စေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​စား၍ ပါး​စပ်၌​ပျား​ရည်​ကဲ့​သို့ ချို၏။

ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။

သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​ပြီး​လျှင်၊ ခြိမ်း​ခြောက်​သော​စ​ကား​နှင့် ကြွေး​ကြော်​လော့။ ထို​မြို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ငါ့​ရှေ့​သို့ တက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။

သို့​သော်​လည်း၊ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တာ​ရှု​မြို့​သို့ ပြေး​မည့်​အ​ကြံ​ရှိ​သည်​နှင့် ထ​လျက် ယု​ပ္ပေ​မြို့​သို့​သွား၍ ရောက်​သ​ဖြင့်၊ တာ​ရှု​မြို့​သို့​သွား​သော သင်္ဘော​ကို တွေ့​ကြုံ၍ သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ သင်္ဘော​သား​တို့​နှင့်​အ​တူ တာ​ရှု​မြို့​သို့​လိုက်​ခြင်း​ငှာ သင်္ဘော​ကို စီး​လေ၏။

ယေ​ရှု​က၊ ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်၍ ကြည့်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် မ​ထိုက်​မ​တန်​ဟု မိန့်​တော်​မူ၏။

ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။-

သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။-

ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ