ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သားယောက်ျားကို ရပါပြီဟု သတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါစေသော။
စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။
သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဖွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဖို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။-