Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 2:26

Judson Bible

ဖမ်း​မိ​သော​သူ​ခိုး​သည် ရှက်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်​နှင့်​တ​ကွ အ​မျိုး​သား​များ​တို့​သည် ရှက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။

ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။

သင်​တို့​သည် တပ်​မက်​ဖူး​သော သ​ပိတ်​ပင်​တို့​ကြောင့် ရှက်​ကြ​လိမ့်​မည်။ သင်​တို့​သည် ရွေး​ယူ​ဖူး​သော​ဥ​ယျာဉ်​တို့​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။

ထို​သူ၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ရှက်​ကြ​လိမ့်​မည်။ လုပ်​သော​သူ​တို့​သည် လူ​သက်​သက်​ဖြစ်​ကြ၏။ ရှိ​သ​မျှ​တို့​သည် စု​ဝေး၍ ထ​ကြ​စေ။ တစ်​ပြိုင်​နက် ထိတ်​လန့်​ရှက်​ကြောက်​ကြ​လိမ့်​မည်။

ရုပ်​တု​ဆင်း​တု​ကို လုပ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​နှ​မြော​သော အ​ရာ​တို့​သည် အ​ကျိုး​ကို မ​ပေး​နိုင်​ကြ။ ငါ​တို့​သည် မ​မြင်​တတ်၊ နား​မ​လည်​တတ်​ဟု ရှက်​စ​ရာ​အ​ကြောင်း​ကို ကိုယ်​တိုင် သက်​သေ​ခံ​ကြ၏။

သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။

သင့်​ကို ကျွေး​မွေး​သော​သူ​အ​ပေါင်း​တို့​ကို လေ​သည် စား​လိမ့်​မည်။ သင်၏​မိတ်​ဆွေ​တို့​ကို ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ကိုယ်​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် အ​မှန်​ရှက်​ကြောက်၍ စိတ်​ပျက်​ခြင်း​ရှိ​လိမ့်​မည်။

ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ကြောင့်၊ ဤ​မြို့​ကို ငါ့​ထံ​မှ ငါ​ပယ်​ရှား​မည်​အ​ကြောင်း၊ မြို့​တည်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ့​အ​မျက်​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​စေ​သော မြို့​ဖြစ်၏။

ထို​အ​ခါ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်၊ ပ​ရော​ဖက်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင်​သည် ဣ​သ​ရေ​လ​ကို ကဲ့​ရဲ့​ပြီ​မ​ဟုတ်​လော။ သို့​ရာ​တွင်၊ သူ​သည် သူ​ခိုး​တို့​နှင့်​ပေါင်း​ဖော်​သည်​ကို တွေ့​ဖူး​သ​လော။ သူ၏​အ​ကြောင်း​ကို ပြော​လေ​ရာ​ရာ၌ သင်​သည် ခေါင်း​ကို​ညိတ်​ပါ​သည်​တ​ကား။

သို့​ဖြစ်၍၊ သင်​သည် သူ​တို့​ကို​နှစ်​သိမ့်​စေ၍၊ ပြု​လေ​သ​မျှ​တို့​ကြောင့် စိတ်​ပျက်​လျက် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ငါ၏​တ​ရား​ကို​ဖျက်၍၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း ညစ်​ညူး​စေ​ကြ၏။ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ပိုင်း​ခြား၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ရော​နှော​ကြ၏။ ငါ၏​ဥ​ပုသ်​နေ့​တို့​မှ​လည်း မျက်​နှာ​လွှဲ​ကြ၏။ သူ​တို့​အ​လယ်၌ ငါ​သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ