Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 2:24

Judson Bible

တော၌ လှည့်​လည်၍ ကိ​လေ​သာ​ရာ​ဂ​စိတ်​နှင့် လေ​ကို​ရှူ​တတ်​သော မြည်း​ရိုင်း​မ​ပါ​တ​ကား။ အ​ချိန်​ရောက်​သော​အ​ခါ အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ သူ့​ကို​ရှာ​အံ့​သော​ငှာ အ​ဘယ်​သူ​မျှ ပင်​ပန်း​ခြင်း​ကို မ​ခံ​ရ။ အ​ချိန်​စေ့​သော​အ​ခါ သူ့​ကို​တွေ့​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ရိုင်း​သော​မြည်း​က​လေး​သည် လူ​အ​ဖြစ်​သို့​ရောက်​သော​အ​ခါ၊ လူ​မိုက်​သည် ပ​ညာ​သ​တိ​ရ​လိမ့်​မည်။

ကိုယ်​ဝန်​ဆောင်​ရ​သော နေ့​လ​တို့​ကို​ရေ​တွက်၍၊ ဖွား​ရ​သော အ​ချိန်​ကာ​လ​ကို သိ​သ​လော။

မြည်း​ရိုင်း​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ရပ်​လျက် မြေ​ခွေး​ကဲ့​သို့ လေ​ကို​ရှူ​ကြ၏။ မြက်​မ​ရှိ​သော​ကြောင့်၊ သူ​တို့​မျက်​စိ​ပျက်​လေ၏။

သစ်​တုံး​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဖြစ်​တော်​မူ၏ ဟူ​၍​လည်း​ကောင်း၊ ကျောက်​အား​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဖွား​မြင်​တော်​မူ​ပြီ ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ စင်​စစ် ငါ့​ကို မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​ကြ​သော်​လည်း၊ အ​မှု​ရောက်​လျှင်​မူ​ကား၊ ထ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​တတ်​ကြ​၏။

ပြည့်​တန်​ဆာ​မိန်း​မ ရှိ​သ​မျှ​တို့​သည် လက်​ဆောင်​ကို ခံ​ယူ​တတ်​ကြ၏။ သင်​မူ​ကား၊ သင်၏​ရည်း​စား​အ​ပေါင်း​တို့​အား လက်​ဆောင်​ကို ပေး​တတ်၏။ အ​ရပ်​ရပ်​တို့​က လာ၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​ကို ငှား​တတ်၏။

သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို ဝန်​မ​ချ။ ငါ့​မျက်​နှာ​ကို မ​ရှာ​မီ​တိုင်​အောင် ငါ​သည် ကိုယ်​နေ​ရာ​သို့ ပြန်​သွား၍ နေ​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် ငါ့​ကို​ကြိုး​စား၍ ရှာ​ကြ​လိမ့်​မည်။

အာ​ရှု​ရိ​ပြည်​သို့ အ​လို​လို​သွား​လေ​ပြီ​တ​ကား။ ဧ​ဖ​ရိမ်​သည် ကိုယ်​အ​ဖို့ တစ်​ကောင်​တည်း​နေ​သော မြည်း​ရိုင်း​ကဲ့​သို့​ဖြစ်၍၊ ရည်း​စား​တို့​အား ငှား​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ