Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 19:7

Judson Bible

ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ကြံ​စည်​သော အ​ကြံ​အ​စည်​ကို ဤ​အ​ရပ်၌ ငါ​ဖျက်​မည်။ ရန်​သူ၏ ဓား​ဖြင့်​လည်း​ကောင်း၊ သတ်​ခြင်း​ငှာ ရှာ​သော​သူ၏ လက်​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်။ သူ​တို့​အ​သေ​ကောင်​များ​ကို​လည်း မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ငါ​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ကျန်​ကြွင်း​သော ငါ့​အ​မွေ​လူ​တို့​ကို ငါ​စွန့်၍ ရန်​သူ​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် ရန်​သူ​အ​ပေါင်း​တို့၏ လု​ယက်​နှိပ်​စက်​ရာ ဖြစ်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။

ထို​ကြောင့်၊ အံ့​ဩ​ကြောက်​မက်​ဖွယ်​သော အ​မှု​ကို ဤ​လူ​မျိုး​တွင် တစ်​ဖန် ငါ​ပြု​ဦး​မည်။ သူ​တို့​တွင် ပ​ညာ​ရှိ​တို့၏​ပ​ညာ​သည် ပျက်​စီး​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​လည်း ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တိုင်​ပင်​ကြ​လော့။ သင်​တို့​အ​ကြံ​သည် ပျက်​လိမ့်​မည်။ စီ​ရင်​ကြ​လော့။ စီ​ရင်​သည်​အ​တိုင်း မ​တည်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​လျှင်၊ သင်​က​လည်း၊ သေ​တန်​သော​သူ​တို့​သည် သေ​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်​မျက်​တန်​သော သူ​တို့​သည် ကွပ်​မျက်​ခြင်း​သို့​လည်း​ကောင်း၊ ငတ်​မွတ်​တန်​သော​သူ​တို့​သည် ငတ်​မွတ်​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​သည် သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း ထွက်​သွား​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား​ဆင့်​ဆို​လော့။

သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ သူ​တို့​ကို ဓား​ဘေး​သို့​လည်း​ကောင်း၊ သူ​တို့​သား​သ​မီး​များ​ကို မွတ်​သိပ်​ခြင်း​သို့​လည်း​ကောင်း အပ်​တော်​မူ​ပါ။ သူ​တို့​မိန်း​မ​တို့​သည် သား​များ​ဆုံး၍ မု​ဆိုး​မ​ဖြစ်​ကြ​ပါ​စေ​သော။ လူ​ကြီး​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ၍၊ လူ​ပျို​တို့​လည်း စစ်​တိုက်​ပွဲ၌ ဓား​ဖြင့် ဆုံး​ကြ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ဆွဲ​သွား၍ ပစ်​ထား​သ​ဖြင့်၊ မြည်း​ကို သင်္ဂြိုဟ်​သ​ကဲ့​သို့ ထို​မင်း​ကို သင်္ဂြိုဟ်​ရ​လိမ့်​မည်။

သင့်​အ​သက်​ကို သတ်​ချင်​သော​သူ၊ သင်​အ​လွန်​ကြောက်​သော​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​မှ​စ၍ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ငါ​အပ်​မည်။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ခါ​လ​ဒဲ​လူ​တို့​လက်​သို့​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ လက်​သို့​လည်း​ကောင်း​ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။

သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​သူ​များ လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ သူ​တို့​အ​သေ​ကောင်​များ​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​များ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​အ​သက်​ကို ရှာ​သော​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​နှင့် သူ၏​ကျွန်​တို့​လက်​သို့ သူ​တို့​ကို​ငါ​အပ်​မည်။ ထို​နောက်​မှ​တစ်​ဖန် အဲ​ဂု​တ္တု​ပြည်​သည် အ​ရင်​ကဲ့​သို့​စည်​ပင်​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဤ​လူ​မျိုး​အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။

ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

ငါ​တို့​သည် ပ​ညာ​ရှိ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည် ငါ​တို့၌​ရှိ၏​ဟု သင်​တို့​သည် အ​ဘယ်​သို့ ဆို​ရ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် စာ​ရေး​တို့၏ မု​သား​မင်​တံ​သည် မု​သား​တ​ရား​ကို လုပ်​လေ​ပြီ။

ပ​ညာ​ရှိ​တို့​သည် အ​ရှက်​ကွဲ​ကြ၏။ ထိတ်​လန့်၍ ကျော့​ကွင်း​ထဲ​သို့ ဝင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ​ပြီ။ သူ​တို့၌ ပ​ညာ​မည်​မျှ​ရှိ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​သူ​သည်​ပြော၍ တစ်​စုံ​တစ်​ခု​ကို ဖြစ်​စေ​နိုင်​သ​နည်း။

သင်​တို့​ကို ငါ​မျက်​နှာ​ထား၍၊ ရန်​သူ​ရှေ့​မှာ​ဆုံး​စေ​မည်။ သင်​တို့​သည် ရန်​သူ၏ အုပ်​စိုး​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း၊ ပြေး​ကြ​လိမ့်​မည်။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

သို့​ဖြစ်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​ကို ပယ်​ကြ​သ​လော။ အ​လျှင်း​မ​ပယ်၊ သာ၍ တည်​စေ​ကြ၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​ဖြစ်​သည်​မှန်​လျှင်၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​ပယ်​ပြီ။ က​တိ​တော်​လည်း အ​ချည်း​နှီး​ဖြစ်၏။-

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ငါ့​လက်၌ ယ​နေ့​အပ်​တော်​မူ​သ​ဖြင့်၊ သင့်​ကို​ငါ​သတ်၍ လည်​ပင်း​ကို​ဖြတ်​မည်။ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ အ​သေ​ကောင်​များ​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ယ​နေ့​ငါ​ပေး​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ