ယေရမိ 19:2Judson Bibleဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကားဟူမူကား၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှာ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ငါသည်သင်၌ မှာထားသမျှသော စကားတို့ကို ဗိမာန်တော် တံတိုင်းထဲမှာ ရပ်လျက်၊ သူတို့အား ပြန်ပြောလော့။ တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်။
သူတို့သားသမီးတို့ကို မောလုပ်ဘုရားအားပူဇော်ခြင်းငှာ၊ ဟိန္နုံသား၏ချိုင့်၌ရှိသော ဗာလဘုရား၏ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။