Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 17:6

Judson Bible

ထို​သူ​သည် လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက်​ကဲ့​သို့​ဖြစ်၍၊ ကောင်း​ကျိုး​ရောက်​ကြောင်း​ကို မ​သိ​ရ။ အ​ဘယ်​သူ​မျှ​မ​နေ​သော ဆား​မြေ၊ သွေ့​ခြောက်​သော​လွင်​ပြင်၌ နေ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။

အ​သွယ်​သွယ်​သော​မြစ်၊ နို့​နှင့် ပျား​ရည်​စီး​သော​မြစ်​တို့​ကို မ​မြင်​ရ။

တော​ကို သူ့​အိမ်​ဖို့​လည်း​ကောင်း၊ လွင်​ပြင်​ကို သူ့​နေ​ရာ​ဖို့​လည်း​ကောင်း ငါ​ခန့်​ထား​ပြီ။

မ​တ​ရား​သော သူ​တို့​မူ​ကား ထို​ကဲ့​သို့​မ​ဟုတ်။ လေ​တိုက်​၍ လွင့်​သော ဖွဲ​နှင့်​တူ​ကြ​၏။

မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။

မ​တ​ရား​သော သူ​တို့​သည် မြက်​ပင်​ကဲ့​သို့​ပေါက်၍၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့​သည် ပွင့်​လန်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​သို့​ရောက်​ရ​သော အ​ကြောင်း​ပေ​တည်း။

အ​ကြောင်း​မူ​ကား၊ အ​ရွက်​နွမ်း​သော​သ​ပိတ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ရှိ​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

အ​သက်​လွတ်​အံ့​သော​ငှာ ပြေး​ကြ​လော့။ လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက် ကဲ့​သို့​ဖြစ်​ကြ​လော့။

ရွှံ့​ဗွက်​ရည်​နှင့် ရွှံ့​အိုင်​ရေ​မူ​ကား မ​ချို​ရ၊ အ​စဉ်​ငန်​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

အ​ဘိ​မ​လက်​သည် တစ်​နေ့​လုံး​မြို့​ကို တိုက်၍​ရ​သော​အ​ခါ၊ မြို့၌​တွေ့​သော​သူ​တို့​ကို သတ်​ပြီး​လျှင် မြို့​ရိုး​ကို​ဖြို​ဖျက်၍ မြို့​ရာ​ကို ဆား​နှင့် ကြဲ​ဖြန့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ