Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 17:19

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ထွက်​ဝင်​သော အ​မျိုး​သား​ချင်း မြို့​တံ​ခါး​မှ​စ၍၊ ခပ်​သိမ်း​သော ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဝ၌ သွား၍​ရပ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဉာဏ်​ပ​ညာ​သည်​ခေါ်၍ မိ​မိ​အ​သံ​ကို လွှင့်​သည် မ​ဟုတ်​လော။

ကျွန်​မ​တို့​ကို စေ​လွှတ်၍၊ မြို့​တွင် အ​မြင့်​ဆုံး​သော​အ​ရပ်​တို့၌ ကြွေး​ကြော်​လေ​သည်​ကား၊

အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။

လူ​များ​တို့​အား ပြော​ဆို​ရ​မည်​မှာ၊ ဤ​တံ​ခါး​တို့​ဖြင့် ထွက်​ဝင်​သော ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​များ အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

ဟ​ရ​သိတ်​တံ​ခါး​ပြင်၊ ဟိ​န္နုံ​သား၏ ချိုင့်​သို့​သွား၍၊ ငါ​မိန့်​တော်​မူ​သည်​အ​တိုင်း ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။

ထို​အ​ခါ ဗာ​ရုတ်​သည် ဗိ​မာန်​တော်​တံ​ခါး​သစ်​နား​မှာ၊ အ​ထက်​တံ​တိုင်း​အ​တွင်း၊ စာ​ရေး​တော်​ရှာ​ဖန်​သား ဂေ​မ​ရိ၏​အ​ခန်း၌၊ ယေ​ရ​မိ​စီ​ရင်​သော​စာ​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​လေ၏။

သင်​သွား​လော့။ ငါ​ပြန်​ပြော​သည်​အ​တိုင်း၊ သင်​သည် စာ​လိပ်၌ ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို၊ အ​စာ​ရှောင်​သော နေ့​တွင်၊ ဗိ​မာန်​တော်၌​ရှိ​သော သူ​တို့​အား ဖတ်​လော့။ အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ယု​ဒ​လူ​တို့​အား​လည်း ဖတ်​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

ဗိ​မာန်​တော်၌ ရပ်၍ အ​သက်​ရှင်​ခြင်း တ​ရား​စ​ကား​အ​လုံး​စုံ​ကို လူ​များ​တို့​အား ဟော​ပြော​ကြ​လော့​ဟု မှာ​ထား၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ နံ​နက်​စော​စော ဗိ​မာန်​တော်​သို့​ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ