Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 17:18

Judson Bible

အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို အ​ထပ်​ထပ်​ဆွဲ​ဖြတ်၍၊ သူ​ရဲ​ကဲ့​သို့ ငါ့​ကို ဟုန်း​ဟုန်း​တိုက်​လာ​တော်​မူ၏။

အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​ကို အ​န္တ​ရာယ်​ပြု​မည်​ဟု ကြံ​စည်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။

ထို​သို့​သော​သူ​သည် အ​မှတ်​တ​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ​သော။ မိ​မိ​ဝှက်​ထား​သော ကျော့​ကွင်း​သည် မိ​မိ​ကို ကျော့​မိ​ပါ​စေ​သော။ မိ​မိ​တွင်း​ထဲ​သို့ မိ​မိ​ကျ​ပါ​စေ​သော။

အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​သော သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​န္တ​ရာယ်​ပြု​ချင်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။

အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​န္တ​ရာယ်​ပြု​ချင်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ အ​ရှက်​ကွဲ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။

သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။

နှ​လုံး​ကျောက်​ကပ်​ကို​စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​လို​ပါ၏။ အ​ကျွန်ုပ်​အ​မှု​ကို ကိုယ်​တော်​အား ကြား​လျှောက်​ပါ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သိ​မြင်​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် သ​ဘော​တူ​ကြောင်း​ကို စစ်​ကြော​တော်​မူ​ပြီ။ သိုး​တို့​ကို ထုတ်​သ​ကဲ့​သို့၊ ထို​မ​တ​ရား​သော​သူ​တို့​ကို အ​သေ​သတ်​ခြင်း​ငှာ ဆွဲ​ထုတ်​တော်​မူ​ပါ။ သတ်​ရ​သော​နေ့​အ​ဖို့ ပြင်​ဆင်​တော်​မူ​ပါ။

သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။

သူ​တို့​သည် ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ​အ​မွေ​ခံ​သော​မြေ​ကို သူ​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​သေ​ကောင်​တို့​နှင့် ပြည့်​စေ​သော​ကြောင့်၊ သူ​တို့၌ နှစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။

အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​သော ဆ​ရာ၏​အ​ရာ​ကို မ​ရှောင်​ပါ။ အ​မင်္ဂ​လာ​နေ့​ကို မ​တောင့်​တ​ပါ။ အ​ကျွန်ုပ်​ဟော​ပြော​ချက်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ကိုယ်​တော်​မျက်​မှောက်၌ ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ထွက်​ဝင်​သော အ​မျိုး​သား​ချင်း မြို့​တံ​ခါး​မှ​စ၍၊ ခပ်​သိမ်း​သော ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဝ၌ သွား၍​ရပ်​လျက်၊

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​သူ​ရဲ​ကဲ့​သို့ ငါ့​ဘက်၌ ရှိ​တော်​မူ၏။ ထို​ကြောင့်၊ ငါ့​ကို​ညှဉ်း​ဆဲ​သော သူ​တို့​သည် မ​နိုင်​ဘဲ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြံ​မ​မြောက်​သော​ကြောင့် အ​လွန်​ရှက်​ကြ​လိမ့်​မည်။ မ​ပြေ​မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​ရှက်​ကြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ၏​ဥ​စ္စာ​ကို ကောင်း​ချီး​ပေး၍ သူ​လုပ်​ဆောင်​သော​အ​မှု​ကို လက်​ခံ​တော်​မူ​ပါ။ သူ့​တစ်​ဖက်၌​ထ၍ သူ့​ကို​မုန်း​သော​သူ​တို့​သည် နောက်​တစ်​ဖန် မ​ထ​နိုင်​အောင် သူ​တို့​ခါး​ကို ချိုး​တော်​မူ​ပါ။

သူ​သည် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​သည်​နည်း​တူ သူ၌ ဆပ်​ပေး​ကြ​လော့။ သူ၏​အ​ကျင့်​အ​တိုင်း နှစ်​ဆ​ထပ်၍ စီ​ရင်​ကြ​လော့။ သူ​လောင်း​သော ဖ​လား၌ သူ့​အ​ဖို့ နှစ်​ဆ​တိုး၍ လောင်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ