ယေရမိ 17:17Judson Bibleအကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော ထာဝရဘုရား၊ တစ်ပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသား၊ အနတ္တ၊ အချည်းနှီးသော အရာတို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
အို ဣသရေလအမျိုး၏ မျှော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သောသူအပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသောသူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်း တည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။