ဤအရပ်၌ ဖွားမြင်သော သားသမီးများကိုလည်းကောင်း၊ သူတို့မိဘများကိုလည်းကောင်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊
သူတို့မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာများပြားကြလိမ့်မည်။ မွန်းတည့်အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကိုငါခေါ်ခဲ့၍၊ ကြောက်မက်ဖွယ်သောလုပ်ကြံခြင်းကို ချက်ချင်းဖြစ်စေမည်။
သင်သည် ဤအရပ်၌ စုံဖက်ခြင်းကို မပြုရ။ သားသမီးကို မဖွားမမြင်ရ။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ်သို့မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်းခြင်းငှာ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော်မူ၏။
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့် သားတို့သည် ထိမိ၍ လဲကြလိမ့်မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူပျက်စီးကြလိမ့်မည်။
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာဌာန၊ သင်တို့အစွမ်းသတ္တိ အထွတ်အမြတ်၊ သင်တို့ကြည့်ရှုလိုဖွယ်သောအရာ၊ အလွန်နှမြောသောအရာကို ငါရှုတ်ချမည်။ သင်တို့ဖွားမြင်သော သားသမီးတို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။