Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 16:2

Judson Bible

သင်​သည် ဤ​အ​ရပ်၌ စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သား​သ​မီး​ကို မ​ဖွား​မ​မြင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လော​တ​ထွက်​၍၊ သ​မီး​နှင့်​စုံ​ဖက်​သော​သူ၊ မိ​မိ​သ​မက်​တို့​အား ထ​ကြ၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ကြ၊ ဤ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​သော်​လည်း၊ ကျီ​စား​ဟန်​ရှိ​သည်​ဟု သ​မက်​တို့​ထင်​ကြ၏။

တစ်​ဖန် ငါ့​ဆီ​သို့​ရောက်​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

ဤ​အ​ရပ်၌ ဖွား​မြင်​သော သား​သ​မီး​များ​ကို​လည်း​ကောင်း၊ သူ​တို့​မိ​ဘ​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊

ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့။ သင်​တို့​သည် ထို​ပြည်၌ ခေါင်း​ပါး​ခြင်း​မ​ရှိ၊ တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ မ​ယား​နှင့်​နေ၍ သား​သ​မီး​ကို​ဖွား​မြင်​ကြ​လော့။ သား​သ​မီး​တို့​ကို​လည်း၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပေး​စား၍၊ တစ်​ဖန် သား​သ​မီး​ကို ဖွား​မြင်​စေ​ကြ​လော့။

ပွဲ​သ​ဘင်​နေ့၌ လူ​တို့​ကို​ခေါ်​ဖိတ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ပတ်​လည်၌ ကြောက်​မက်​ဖွယ်​သော အ​ရာ​တို့​ကို ခေါ်​ဖိတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သော​နေ့၌ အ​ဘယ်​သူ​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​ရ​ပါ။ အ​ကျွန်ုပ် ချီ​ပိုက်​ကျွေး​မွေး​သော သူ​တို့​ကို အ​ကျွန်ုပ်၏​ရန်​သူ​သည် ဖျက်​ဆီး​ပါ​ပြီ။

ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။-

ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော​မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​ပြည်၌ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဖြစ်၍ ယု​ဒ​အ​မျိုး​အ​ပေါ်၌ အ​မျက်​ဒေါ​သ သင့်​ရောက်​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ မြုံ​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ ပ​ဋိ​သ​န္ဓေ​မ​ယူ​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော သား​မြတ်​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ရ​သော​နေ့​ရက်​ကာ​လ ရောက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ