Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 16:10

Judson Bible

သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဤ​လူ​မျိုး​အား​ကြား​ပြော၍ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မျှ​လောက်​ကြီး​စွာ​သော ဘေး​ဒဏ်​ကို ငါ​တို့​အား အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ငါ​တို့​ပြု​သော ဒု​စ​ရိုက်​ကား၊ အ​ဘယ်​သို့​နည်း။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကား၊ အ​ဘယ်​သို့​နည်း​ဟု မေး​ကြ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ မိ​မိ​တို့​အ​ဖို့ မ​ကောင်း​သော​အ​မှု​ကို ပြု​သော​ကြောင့်၊ သင့်​ကို​စိုက်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌ အ​မှု​ရောက်​မည်​အ​ကြောင်း မိန့်​တော်​မူ​ပြီ။

သင်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​ကြောင့် ဤ​အ​မှု​ရောက်​သ​နည်း​ဟု စိတ်​ထဲ၌ အောက်​မေ့​လျှင်၊ သင်၏​အ​ပြစ်​များ​သော​ကြောင့်၊ သင့်​အ​ဝတ်​ကို ချွတ်​ရ၏။ ခြေ​နင်း​ကို​လည်း​မ​စီး​ရ။

သင်​က​လည်း၊ ငါ​သည် ညစ်​ညူး​ခြင်း​မ​ရှိ၊ ဗာ​လ​ဘု​ရား​တို့​နောက်​သို့ မ​လိုက်​ဟု အ​ဘယ်​သို့ ဆို​နိုင်​သ​နည်း။ ချိုင့်၌ သင်​လိုက်​သော​လမ်း​ကို ကြည့်​ရှု​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဝန်​ခံ​လော့။ လျင်​မြန်​စွာ​ပြေး၍ လှည့်​လည်​တတ်​သော ကု​လား​အုတ်​မ ပါ​တ​ကား။

ထို​သို့​သော အ​ပြစ်​များ​ရှိ​သော်​လည်း သင်​က၊ ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​မျက်​တော်​သည် ငါ​မှ​လွဲ​သွား​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။ ငါ၌​အ​ပြစ်​မ​ရှိ​ဟု​ဆို​သော​ကြောင့်၊ သင့်​ကို ငါ​စစ်​ကြော​စီ​ရင်​မည်။

ကြည့်​ရှု​ကြ​လော့။ ယ​နေ့​မှာ ထို​မြို့​ရွာ​တို့​သည်၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​နေ​သော​သူ​တို့​သည် ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​တို့​မ​သိ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ဝတ်​ပြု​သ​ဖြင့်၊ ငါ၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​ကြ​သော​ဒု​စ​ရိုက်​ကြောင့် ဤ​အ​မှု​ရောက်​သ​တည်း။

သူ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​တို့၌ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​ကို​စွန့်​ပစ်၍၊ ကိုယ်​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့၏​အ​မှု​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ကိုယ်​မ​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်​ဟု၊ သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း ဖြစ်​စေ​မည်။ ယု​ဒ​မြို့​ရွာ​တို့​ကို​လည်း၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

သို့​ရာ​တွင်၊ ဧ​ဖ​ရိမ်​က၊ ငါ​သည် ရ​တတ်၏။ ဘ​ဏ္ဍာ​ကို သို​ထား​ပြီ။ ကြိုး​စား​သ​မျှ​တို့၌ အ​ပြစ်​ပါ​သော လွန်​ကျူး​ခြင်း​ကို ရှာ၍​မ​တွေ့​ရာ​ဟု ဆို​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ