Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 15:9

Judson Bible

သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ပြု​စား​သော​အ​တတ်​နှင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​များ​တို့​ကို အ​လွန်​ပြု​စု​သော်​လည်း၊ တစ်​နေ့​တစ်​ခ​ဏ​ခြင်း​တွင် သား​ဆုံး​ခြင်း​နှင့် လင်​ဆုံး​ခြင်း​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၌​ရောက်​လိမ့်​မည်။ သင်၏​အ​ပေါ်၌ အ​ကုန်​အ​စင် သင့်​ရောက်​လိမ့်​မည်။

ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ကြံ​စည်​သော အ​ကြံ​အ​စည်​ကို ဤ​အ​ရပ်၌ ငါ​ဖျက်​မည်။ ရန်​သူ၏ ဓား​ဖြင့်​လည်း​ကောင်း၊ သတ်​ခြင်း​ငှာ ရှာ​သော​သူ၏ လက်​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်။ သူ​တို့​အ​သေ​ကောင်​များ​ကို​လည်း မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ငါ​ထား​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

သူ​တို့​ကို ကျေး​ဇူး​ပြု​ခြင်း​ငှာ မ​ဟုတ်၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​စောင့်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် ပျက်​စီး​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ သင်​တို့​အ​မိ​သည် မိန်း​မော​တွေ​ဝေ​လိမ့်​မည်။ သင်​တို့​ကို​မွေး​ဖွား​သော​သူ​သည် အ​ရှက်​ကွဲ​လိမ့်​မည်။ ပြည်​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​သော​ပြည်၊ သုတ်​သင်​သော​အ​ရပ်၊ သွေ့​ခြောက်​သော​လွင်​ပြင် ဖြစ်​ရ​လိမ့်​မည်။

သူ့​ကို စစ်​တိုက်​ခြင်း​ငှာ​ပြင်​ကြ​လော့။ ထ​ကြ။ မွန်း​တည့်​အ​ချိန်၌ တက်​သွား​ကြ​ကုန်​အံ့။ ငါ​တို့၌​ခက်​လှ၏။ မွန်း​လွဲ​ပြီ။ မိုး​ချုပ်​လေ​ပြီ။

ထို​သို့​ပြု၍ ငါ့​ကို​နှောင့်​ယှက်​ကြ​သ​လော။ မိ​မိ​တို့ မျက်​နှာ​ကို​ဖျက်​မည်​အ​ကြောင်း၊ မိ​မိ​တို့​ကိုယ်​ကို​သာ နှောင့်​ယှက်​ကြ​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

စိတ်​ကြင်​နာ​တတ်​သော မိန်း​မ​တို့​သည် မိ​မိ​တို့​သား​ကို​ပင် ပြုတ်​ရ​ကြ၏။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် ပျက်​စီး​သော​ကာ​လ၌ မိ​မိ​တို့​သား​ကို​ပင် စား​ရ​ကြ၏။

သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

ဝ​စွာ​စား​သော​သူ​တို့​သည် စား​စ​ရာ​ကို​ရ​ခြင်း​ငှာ၊ သူ​ငှား​လုပ်​ရ​ကြ​ပြီ။ ငတ်​မွတ်​သော သူ​တို့​မူ​ကား၊ တစ်​ဖန်​ဝ​ကြ​ပြီ။ မြုံ​သော​သူ​သည် ခု​နစ်​ကြိမ်​တိုင်​အောင် ဖွား​မြင်​ပြီ။ သား​များ​သော​သူ​မူ​ကား၊ တစ်​ဖန်​အား​လျော့​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ